ဝါရှင်တန်၊ အောက်တိုဘာ ၁၂
အစ္စရေးဝန်ကြီးချုပ်က ပါလက်စတိုင်းစစ်သွေးကြွတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုအပြီးမှာ ဟားမတ်စ်တွေကို ဖျက်ဆီးပစ်မယ်လို့ ကတိပြုပြီးတဲ့နောက် စစ်ပွဲစည်းကမ်းတွေကို လိုက်နာဖို့ သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာကို အောက်တိုဘာ ၁၁ ရက်မှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဒေသတွင်းကိုအမေရိကန်က လေယာဉ်တင်သင်္ဘော စေလွှတ် ခဲ့အပြီး သမ္မတက ဟားမတ်စ် ကျောထောက်နောက်ခံ အီရန်ကို သတိထားဖို့ လည်း သတိပေးခဲ့တယ်လို့ သိရ ပါတယ်။
လူပေါင်း၁၂၀၀နီးပါး သေဆုံးခဲ့ရတဲ့ အစ္စရေးတို့အနေနဲ့ “ တစ်ချိန်တုန်းက ဟိုလိုကတ်စ် လို့ခေါ်တဲ့ မီးလောင်တိုက် သွင်း ခံရပြီးတဲ့ နောက်ပိုင်း ဂျူးတွေအတွက် အသေအပျောက်အများဆုံးနေ့” လို့ အမေရိကန် ဂျူးအသိုက်အဝန်း ခေါင်းဆောင် တွေ ကို ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။
နေတန်ရာဟုနဲ့ သိကျွမ်းခဲ့တာ အနှစ်၄၀လောက်ရှိနေပြီးဖြစ်ပြီး သူတို့နှစ်ယောက် အလွန်ရိုးသားတဲ့ ဆက်ဆံရေး ရှိတယ်၊ သူ့ကိုလည်း ကောင်းကောင်းသိတယ် လို့ အမေရိကန် သမ္မတက ပြောပါတယ်။
“ကျွန်တော်ပြောခဲ့တာတစ်ခုကတော့ အစ္စရေးမှာရှိနေတဲ့ ဒေါသစိတ်နဲ့ ကြေကွဲမှုတွေအပြည့် ရှိနေပေမယ့် စစ်ပွဲစည်းမျဉ်း တွေအတိုင်း လုပ်ဆောင်ဖို့က တကယ့်ကို အရေးကြီးပါတယ်” လို့လည်း ဘိုင်ဒန်က ပြောဆိုလိုက်တယ်လို သိရကြောင်းပါ။
Ref: AFP/ec
ပုံစာ။ အစ္စရေးရဲ့ ဗုံးကျဲ တိုက်ခိုက်မှုအပြီး တွေ့ရတဲ့ ဂါဇာ မြိုတွင်းတစ်နေရာ
Feature Image Credit: AP Photo/Hatem Moussa)