
Photo Credit: AP
ဘာလင်၊ ဖေဖေါ်ဝါရီ ၆
ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ အထောက်အထား ရာနဲ့ချီတဲ့ အရေ အတွက်ကို စုဆောင်းထားတယ်လို့ ဂျာမနီအစိုးရရှေ့နေချုပ်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၅) ရက်က ထုတ်ဖော်ပြောလိုက်ပါတယ်။
“အခုအချိန်မှာတော့ ယူကရိန်းက ဘူခါ မြို့ မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေရယ်ယူကရိန်းရဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေရယ် အပေါ် အာရုံစိုက်နေပါတယ်”ဆိုပြီး အစိုးရ ရှေ့နေ ပီတာ ဖရန့်ခ် က ဂျာမန်သတင်းစာ ဝက်လ် အန် ဆန်းတတ်ခ် ကို ပြောပါတယ်။
အထောက်အထားအများစုက ယူကရိန်းဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကနေမှ ရလာခဲ့တာ ဖြစ်ပြီး ရည်ရွယ်ချက်ကတော့ “ဂျာမနီနိုင်ငံမှာ ဖြစ်စေ တခြားနိုင်ငံရပ်ခြား မိတ်ဖက်နိုင်ငံတကာတရားရုံးတွေမှာ ဖြစ်စေ နောင်တစ်ချိန်မှာ ပေါ် လာမယ့် တရားရုံးအမှုအတွက် ကြိုပြင်ဆင်ထားတာပါ”လို့ ပြောပါတယ်။
ဖရန့်ခ်ရဲ့ ရုံး အနေနဲ့ ဆီးရီးယားပြည်တွင်းစစ် မှာကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူကို အရင်က သုံးခဲ့ဘူးတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် မတ်လမှာ သူ့ရုံးအနေနဲ့ ယူကရိန်းစုံစမ်းရေးကော်မရှင်ကို စတင်ခဲ့ပြီလို့ ဖရန့်က ပြောပါတယ်။
“ကျွန်တော်တို့က စုံစမ်းစစ်ဆေးမှုမှာ သီးခြားလူတွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ အချက်အလက်နဲ့ အထောက်အထားတွေကို စုဆောင်းနေပါတယ်” လို့ သူက ပြောပြပါတယ်။
လက်ရှိ ဂျာမနီရဲ့ ဥပဒေအရ ဂျာမနီမှာ စစ်ရာဇ၀တ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို တရားစွဲဆို မယ်ဆိုရင် အဲ့ဒိသူတွေဟာ ဂျာမဏီနိုင်ငံထဲမှာ ရှိနေမှသာ တရားစွဲဆိုနိုင်တယ် လို့လည်း သူက ပြေဆိုလိုက် ပါတယ်။
ဒါ့ကြောင့် ဂျာမနီအနေနဲ့ ရုရှားကို တရားစွဲမယ်ဆိုရင် ဂျာမနီဟာ အခင်းဖြစ်တဲ့ ရုရှား၊ယူကရိန်းစတဲ့ နိုင်ငံ တစ်နိုင်ငံကမှ မဟုတ်လို့ စစ်ရာဇဝတ်မှုတွေ စွဲဆိုနိုင်ဖို့ ကြားခုံရုံးတစ်ခု သတ်မှတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ကို တင်ပြ တောင်းဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: CNA

Photo Credit: Washington Post