မိုခါမုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ စစ်တွေမြို့ နယ်ထဲမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေ ဆောင်ရွက်ပေးနေတဲ့ တပ်မတော် သားသုံးယောက်ဟာ အုတ်တံတိုင်းပြိုကျခဲ့ပြီး မတော်တဆသေဆုံးမှုတစ်ခု မေလ၁၄ရက် နေ႔က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည် နယ်တွင်းက မြို့ နယ်တွေမှာ ပျက်စီး ဆုံးရှုံးအခြေအနေ မြင့်တက်နေပြီး သက် ဆိုင်ရာကလည်း အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက် ပေးနေတယ်လို့လည်း သိရပါတယ်။
အလားတူ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်မှာလည်း လေဘေးခိုလှုံနေတဲ့ ဓမ္မာရုံပြိုကျခဲ့တဲ့အတွက်ဒေသခံပြည်သူ ၁၃ယောက် သေဆုံးသွားခဲ့တယ်လို့ သိရ ပါတယ်။
Visited 1 times, 1 visit(s) today