စစ်တွေကို ညမထွက်ရအမိန့် ထုတ်

၂ ဖေဖော်ဝါရီ၊ ၂၀၂၄

ရခိုင်ပြည်နယ်၊စစ်တွေမြို့ကို ပုဒ်မ၁၄၄ထုတ်ပြန်လိုက်ပြီး ည၉နာရီကနေမနက်၄နာရီထိမထွက်ရအမိန့်စာထုတ်ပြန်ထားတယ်လို့ ဖေဖော်ဝါရီလ၁ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

ဒီအမိန့်က ဖေဖော်ဝါရီလ၁ရက်နေ့ကစတင်ပြီး၂လအတည်ပြုတယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။

စစ်တွေမြို့နယ်ပေါ်ရှိလမ်းများနဲ့ အများပြည်သူသွားလာရာလမ်းသွယ်၊လမ်းကြားဥယျဥ်၊အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမျာကို ည၉နာရီကနေမနက်၄နာရီထိညမထွက်ရအမိန့်စာထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *