၂၃ ဖေဖော်ဝါရီ၊၂၀၂၄


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးလမ်း၊ ရတနာပုံတံတား(ဧရာဝတီ)အဆင်း၊ နှာပေါက်တိုးဂိတ်အနီး မှာ ဒီနေ့မနက် ၈နာရီခွဲကျော်အချိန်ခန့်က၊ MISUBISHI CANTER အမျိုးအစား(၆)ဘီး(အဖြူရောင်)ကားတစီး ဘရိတ်ပေါက်ကာ လမ်းကြောတူ ရှေ့က ကား၃စီးကိုဆင့်တိုက်မိခဲ့တာကြောင့် လူတစ်ဦး ခေါင်းညှပ်မိခဲ့တယ်လို့ သိရပါတယ်။
MISUBISHI CANTER ယာဉ်ဘရိတ်ပေါက်ပြီး ရှေ့မှာရှိနေတဲ့ SUZUKI CARRY အမျိုးအစား(အဖြူရောင်)ယာဉ်ကိုတိုက်မိခဲ့ရာကနေ Super Custom အမျိုးအစား(အညိုရောင်)ယာဉ်နဲ့NISSAN (၁၂)ဘီး (ခဲရောင်)ယာဉ်တို့ ဆက်လက်တိုက်မိရင်း CANTERယာဉ်နောက်လိုက် ကျား(၁)ဦး ယာဉ်ခေါင်းခန်းမှာ ညှပ်မိခဲ့တာဖြစ်ပါတယ်။
ယာဥ်တိုက်ရာနေရာကို အမရပူရမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဘုံးအိုးအရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ဒဏ်ရရသူအမျိုးသားကို သံဝေဂဉာဏလူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရယ်လို့ သိရပါတယ်။



