စစ်ကိုင်းမှာ အိမ်ကနေ ကွမ်းယာဝယ်ထွက်လာတဲ့အမျိုးသားတစ်စီး သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကိုင်းမြို့၊ပန်းပဲတန်းရပ်ကွက်ရှိ သီရိမင်္ဂလာဂုံးကျော်တံ တားအလယ်မှာ အောက်တိုဘာလ၄ရက်နေ့က အိမ်ကနေ ဆိုင်ကယ်စီးပြီး ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့အမျိုးသားတစ်စီးကို ကားတစ်စီးပေါ်ကနေ သေနတ်နဲ့ ပစ်သတ်တာကိုခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေနတ်နဲ့ပစ်ခံရသူဟာ စစ်ကိုင်းမြို့၊မြို့သစ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက်(၂၆နှစ်)အရွယ်ကိုဟိန်းထက်အောင် (ဆိုင်ကယ်ဝယ်ရောင်း)ဖြစ်ပြီး မေးရိုး ဝဲဘက်ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တာကြောင့် စစ်ကိုင်းပြည်သူ့ဆေးရုံကို ပို့ ဆောင်ပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Visited 45 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *