စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့မှာ စက်တင်ဘာ၁၈ရက် မွန်းလွဲ၂နာရီကစပြီး အပြင်မထွက်ရဆိုတဲ့ ကော လဟာလတစ်ခု ထွက်ပေါ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“စစ်ကိုင်းမှာ မာရှယ်လောထုတ်တယ်ဆိုတဲ့သတင်းက ဘယ်ကနေဘယ်လိုထွက်လာတာလဲတော့ မသိဘူး ဆိုင်ပိတ်တဲ့သူက ပိတ်၊ကလေးတွေ ကျောင်းပြန်ကြိုတဲ့သူကကြိုနဲ့ ဖြစ်ကုန်တယ်။မြို့ထဲမှာလည်း နည်းနည်းတိတ်ဆိတ်သွားတယ်´´လို့ မြို့ခံဦးမောင်(အမည်လ)ွှဲကပြောပါတယ်။

စစ်ကိုင်းမြို့ခံဦးထွန်းထွန်း(အမည်လွှဲ)ကလည်း“လူတွေပြောနေကြတဲ့ ရပ်ကွက်တွေမှာ မိုက်နဲ့လိုက်အော်နေတယ်ဆိုတာလည်း မဟုတ်ပါဘူး။သက်ဆိုင်ရာကိုလည်း မေးကြည့်ပြီးပါပြီ စစ်ကိုင်းမှ မာရှယ်လောထုတ်တယ်ဆိုတာ မဟုတ်ပါဘူး´´လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့ပေါ်မှာ မာရှယ်လောထုတ်ထားတယ်ဆိုတဲ့ ကောလဟာလသတင်းကြောင့်မွန်းလွဲ၂နာရီနောက်ပိုင်းမှာစစ်ကိုင်းမြို့တွင်း ဈေးဆိုင်များ ပိတ်ခဲ့တာတွေရှိခဲ့တဲ့အပြင် မြို့တွင်းက လမ်းများပေါ်မှာလည်း လူအသွားအလာ နည်းပါးသွားခဲ့တယ်လို့ သိရပါတယ်။