စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ဝါးချက်ကျေးရွာ၊ ရှင်ဖြူရှင်လှဘုရားရေဆိပ်မှာ မေလ၂၈ ရက်မွန်းလွဲ၁နာရီက ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ အမျိုးသားနှစ်ယောက်ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။
ရေနစ်မှုဖြစ်ပွားရာကို စစ်ကိုင်းမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ထုံးဘိုအရန်မီးသတ်စခန်းက အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မင်းလမ်းလူငယ်လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာမှာ မွန်းလွဲ ၂နာရီ ၁၄ မိနစ် အချိန်မှာ ရေနစ်သူ အမျိုးသား (၂)ယောက်ရဲ့ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ခဲ့ပြီး ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့က လူနာတင်ယာဉ်နဲ့ စစ်ကိုင်းမြို့ကုတင်(၂၀၀) ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

