စစ်ကိုင်းမြို့နယ်မှာ SURFကားတစ်စီး ချောင်းအတွင်းထိုးကျမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကျေးရွာ၊ မန္တလေး-မုံရွာလမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၀/၂)အနီးက ရေဆိုးထုတ်ချောင်းတံတားမှာ မေလ၁၇ရက် မွန်းလွဲ၁၂နာရီ ၂၅မိနစ်က SURFကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းကို ဝင်ရောက်တိုက်မိပြီးချောင်းအတွင်းထိုးကျတိမ်းမှောက်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် SURFကားပေါ်မှာလိုက်ပါစီးနင်းလာတဲ့ သံဃာ(၁)ပါး၊အမျိုးသား(၂)ယောက်အနက် ယာဉ်မောင်းအမျိုးသား(၁)ယောက်(သေဆုံး)၊ အမျိုးသား(၁)ယောက်ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နဲ့သံဃာ(၁)ပါး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့ကို အိုးဘိုလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်တွေနဲ့ စစ်ကိုင်းကုတင်၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁) စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပေးခဲ့တယ်လို့ သိပါတယ်။

PHOTO– MFSD

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *