စင်္ကာပူKeppel Landကုမ္ပဏီ မြန်မာဟိုတယ်စီမံကိန်း တစ်ခုကနေရာနူန်းပြည့်နုတ်ထွက်

စင်္ကာပူ၊ မတ် ၆

စင်္ကာပူကုမ္ပဏီ တစ်ခုဖြစ်တဲ့   Keppel Land နဲ့  သူ့ရဲ့ လုပ်ငန်းခွဲ Double Peak Holdings တို့ စင်္ကာပူဒေါ်လာ ၇၇ ဒသမ ၂သန်း( အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄သန်း) ရင်းနှီးမြုပ်နှံထားတဲ့ မြန်မာဟိုတယ်စီမံကိန်း တစ်ခုကနေ ရာနူန်းပြည့် နုတ် ထွက် လိုက်ပြီလို့ စင်္ကာပူ အခြေစိုက် The Straits Times သတင်းစာက ဒီနေ့ မတ်လ ၆ရက် ရက်စွဲနဲ့ ဖော်ပြထား ပါတယ်။

Greenfield Development လို့ အမည်ခေါ်ထားတဲ့ မြန်မာပြည်က ဟိုတယ် စီမံကိန်းမှာ သူတို့ နုတ်ထွက်ရုပ်သိမ်း လိုက်တဲ့ ရင်းနှီမြုပ်နှံထည်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇ ဒသမ၄သန်းဟာ သူတို့ ထည့်ဝင်ထားတဲ့ ရှယ်ယာရဲ့ ၁၀၀ရာခိုင်နူန်းအပြည့် ဖြစ်တာမို့ အလုံးစုံနုတ်ထွက်တာလို့ သိရပါတယ်။

အဆိုပါ နုတ်ထွက်တဲ့ လုပ်ငန်းအဆင့်ဆင့်ကတော့ ၂၀၂၃ နှစ်လယ် အရောက်လောက်မှာ အလုံးစုံ ပြီးပြတ်မယ်လို့ မျှော်လင့် ထားကြောင်းလည်း Keppel Land ဘက်က ပြောဆိုတယ်လို့ သိရပါတယ်။

Ref: The Straits Times

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *