စင်္ကာပူသမ္မတ ဟာလီမတ်  မလေးရှားကို ပထမဆုံး နိုင်ငံတော်ခရီးစဉ် အဖြစ် သမိုင်းဝင်သွားရောက်ဖို့ရှိ

၂၀၂၂ခုနှစ်က စင်္ကာပူကို တရာ:ဝင်အလည်အပတ်ရောက်နေတဲ့ မလေးရှားဘုရင် ကို စင်္ကာပူသမ္မတ က လက်ခံတွေ့ဆုံနေပုံ
Photo Credit: Facebook/Halimah Yacob/Ministry of Communications and Information

စင်္ကာပူ၊ မတ် ၁၈

စင်္ကာပူသမ္မတ ဟာလီမတ် ရာကော့နဲ့ သူရဲ့ ခင်ပွန်းတို့ မလေးရှားနိုင်ငံရဲ့ တရားဝင်ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံကို လာမယ့်သီတင်းပတ်ထဲ သွားရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

ခရီးစဥ်မှာ အထူးဂုဏ်ပြုလက်ဆောင်အနေနနဲ့ သမ္မတ ဟာလီမတ်နဲ့ သူ့ခင်ပွန်း တို့ကို ရည်ညွှန်းမှည်ခေါ်ထားတဲ့ မျိုးစပ် သစ်ခွအသစ်တစ်မျိုး ဖြစ်တဲ့ Vanda Halimah Yacob Mohamed   ကိုလည်း  လက်ဆောင်ရဦး မယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံက ထုတ်ပြန်လိုက်တဲ့ သတင်းတွေအရ  မတ် ၂၀ ရက်ကနေ မတ် ၂၂ ရက်အထိ မလေးရှားနိုင်ငံကို နိုင်ငံ တော် အလည်အပတ်ခရီး လာရောက်မှာ ဖြစ်တယ်လို့  မလေးရှားနိုင်ငံ ဘုရင် အယ်လ် စူလတန် အဗ္ဗဒူလာ ရိ အာယူဒတ် တင် အယ်လ် မူစတာဖာ ဘေးလတ်ရှား က ဒီနေ့ မတ်လ ၁၈ရက် မှာ ပြောကြားလိုက်ပါတယ်။

မဒမ် ဟာလီမတ် ဟာ သူ့ခရီးစဥ်မှာ မလေးရှားနိုင်ငံ ဘုရင် အပါအဝင်၊ ၀န်ကြီးချုပ် အန်ဝါ အီဘရာဟင် တိုနဲ့ တွေ့ဆုံအပြီး  စီးပွားရေးခေါင်းဆောင်တွေနဲ့ရော  ပြည်ပရောက် စင်ကာပူနိုင်ငံသားတွေနဲ့ပါ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဒီခရီးဟာ စင်္ကာပူသမ္မတ ဟာလီမတ်ရဲ့  မလေးရှားနိုင်ငံကို သွားရောက်တဲ့ ပထမဆုံးခရီးစဥ် အဖြစ်မှတ်တမ်းဝင် မှာဖြစ်ပါ တယ်။ မလေးရှားဘုရင်အယ်လ် မူစတာဖာ ဘေးလတ်ရှား ကတော့ သမ္မတ ဟာလီမတ်ရဲ့ ဖိတ်ကြား ချက် အရ စင်္ကာပူ နိုင်ငံကို ၂၀၂၂ခု အောက်တိုဘာ၂၅ ကနေ၂၇ အထိ သုံးရက်တာ ခရီး လာရောက်လည် ပတ်ဖူး ကြောင်းလည်း သိရပါတယ်။

Ref:cna

 မဒမ် ဟာလီမတ်နဲ့ ခင်ပွန်း မိုဟာမက် အဗ္ဗဒူလာ အာလမက်ရှေး တို့ အတူတွေ့ရစဥ်
Photo Credit: AFP Photo/Roslan Rahman
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *