စင်္ကာပူသမ္မတ ရွေးကောက်ပွဲ စက်တင်ဘာ ၁ ရက်မှာ ကျင်းပမယ်လို့ သတင်းထုတ်ပြန်

စင်္ကာပူ၊ ဩဂုတ် ၁၁

လာမယ့် ၂၀၂၃ စက်တင်ဘာ၁ရက်နေ့မှာ စင်္ကာပူနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်ပြီး သမ္မတ ရွေး ကောက် ပွဲ မတိုင်မီ ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုပြီး  အမည်စာရင်းတက်လာခဲ့မယ်ဆိုရင်တော့ စက်တင်ဘာ ၁ ရက်၊ သောကြာနေ့ကို  အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပမာဏ ကိုယ်စားလှယ်ရွေးချယ်မယ့်နေ့ကတော့ ဩဂုတ်လ ၂၂ရက်ဖြစ်ပြီး ဒီနေ့ ဩဂုတ်လ ၁၁ရက် သောကြာနေ့ အထိက တော့ လေးယောက်အထိ အမည်စာရင်း ပါလာနိုင်တယ်လို့ ပြည်တွင်းနိုင်ငံရေး ကျွမ်းကျင်သူတွေက တွက်ဆထား တယ် လို့လည်း သိရပါတယ်။

ဝန်ကြီးချုပ် လီရှန်လွန်းက ရွေးကောက်ပွဲပေးစာချွန်တော်ကို ဒီနေ့ ဩဂုတ်လ ၁၁ရက် သောကြာနေ့မှာ ထုတ်ပြန်ပေးလိုက်ပြီ ဖြစ်တဲ့ အကြောင်း ရွေးကောက်ပွဲဌာနက ကြေညာလိုက်ပါတယ်။

အကြီးတန်း၀န်ကြီးဟောင်း သာမန် ရှန်မာဂရာတန်၊  စီးပွားရေးလုပ်ငန်းရှင် ဂျော့ဂ်ျဂိုနှင့် GIC ရင်းနှီးမြှုပ်နှံမှု အရာရှိ ချုပ်ဟောင်း အင်ကွတ်ဆောင် တို့ တစ်ပြေးနေသလို သမ္မတလောင်းဟောင်း တန်ကင်လျန် ကလည်း သူ့ရဲ့  မဲဆွယ် စည်းရုံး မှုကို သြဂုတ် ၁၁ ရက်မှာ တရားဝင် စတင်တော့မယ်လို့လည်း ကြေငြာထားတယ်လို့ သိရပါတယ်။

Ref: CAN

Feature Image Credit:  Seedly Blog

Leave a Reply

Your email address will not be published. Required fields are marked *