စင်္ကာပူ၊ အောက်တိုဘာ ၁၇
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ အောက်တိုဘာ ၁၇ရက်နေ့မှာ ပင်လယ်ကွေနိုင်ငံခရီးစဥ်ကို စတင်ခဲ့ပါတယ်။ ခရီး စဥ်ဟာ အောက်တိုဘာ ၂၂ရက် နေ့အထိကြာမြင့်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ခရီးစဥ်အတွင်း အောက်တိုဘာ ၂၀ရက်နေ့မှာ အာဆီယံ-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။
မစ္စတာလီဟာ အခြားဆော်ဒီခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး စင်္ကာပူရဲ့ ကွဲပြားတဲ့ စီးပွားရေး ပုံစံအသစ် Vision 2030 အစီအစဉ်အကြောင်း အကျဉ်းချုံးတင်ပြမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ ဆော်ဒီအာရေဗျမှာ နေထိုင်လုပ် ကိုင် နေတဲ့ စင်ကာပူနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံဦးမှာဖြစ်သလို ထင်ရှားတဲ့ မဒီနာနဲ့ အယ် အူလာ မြို့တွေက သမိုင်းဝင် ယဉ်ကျေးမှု နေရာတွေကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
ခရီးစဥ်အတွင်း အဓိက ကျတဲ့ မိတ်ဆွေတွေဖြစ်တဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟ္ဟာမက် ဘန် ဆယ်လမန်နဲ့ တွေ့ဆုံမှာ ဖြစ်သလို အာရပ်စော်ဘွားများ ပြည်ထောင်စုသမ္မတ ရှိတ် မိုဟ္ဟာမက် ဘန်ဇာယက်အယ်နာယန်တို့နဲ့ လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မစ္စတာလီဟာ ဒူဘိုင်းမြို့မှာ စော်ဘွားကြီးတွေနဲ့လည်း တွေ့ဆုံဦးမယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။
Ref: CAN
ပုံစာ။ ၂၀၁၉ က ဂျပန်မှာ ကျင်းပတဲ့ G20 အစည်းဝေးမှာ ဝန်ကြီးချုပ် လီရှန်လွန်း နဲ့ ဆော်ဒီ အိမ်ရှေ့မင်းသားတို့ တွေ့ဆုံနေကြပုံ
FEATURE Image Credit: Ministry of Communications and Information