စင်္ကာပူ၊ မေ ၂၂
လန်ဒန်ကနေ စင်ကာပူကို အင်္ဂါနေ့ (မေလ ၂၁ ရက်) က ပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်း (SIA) လေယာဉ်အမှတ် SQ321ဟာ ပြင်းထန်တဲ့ လှိုင်းလုံးကြီးနဲ့ တိုက်ရိုက်တိုးမိခဲ့အပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတဲ့အဖြစ်အပျက် ဖြစ်ခဲ့ပါတယ်။
ဒီ ဖြစ်ရပ်ထဲမှာ အသက် ၇၃ နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ယောက် နှလုံးဖောက်ရောဂါလို့ ကနဦး မှတ်ချက်ပေးထားတဲ့ ပြသနာနဲ့ သေဆုံးခဲ့ရသလို လူ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပြီး တချို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။
ဒီကိစ္စဟာ ရာသီဥတုဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်သလို မကြာခဏ ဖြစ်လာနိုင်ချေရှိတဲ့ ထုထည်ကြီးမားတဲ့ လေပွေလှိုင်းကြီးတွေရဲ့ အန္တရာယ်ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
အခု ဖြစ်ရပ်က လေတိုက်နှုန်း ရုတ်တရက်ပြောင်းပြီး ဦးတည်ရာပါ ပြောင်းကာ လေလှိုင် ရပ်ဝန်းကြီး တစ်ခု ဖြစ်သွားတာမို့ လမ်းကြောင်းပေါ်ဝင်လာတဲ့ လေယာဉ်ကို တစ်စစီ ဆွဲခါရမ်းလိုက်သလို ဖြစ်သွားခဲ့တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ရှင်းပြပါတယ်။
ဒါဟာ လှိုင်းထန်နေတဲ့ ရေပြင်ပေါ်က လှေတွေ အပေါ် သက်ရောက်သလိုမျိုး နဲ့ ဖြစ်ရပ်တူတူပဲလို့လည်း ဥပမာပေးပါတယ်။
စုံစမ်းမှုတွေ လုပ်အပြီး ပျံသန်းမှုခြေရာခံဒေတာမှာတော့ SQ321 ဟာ အချိန်လေးမိနစ်အတိုင်း အတာထဲမှာပေ ၆၀၀၀( ၁ဒသမ ၈ ကီလိုမီတာ) ထိုးဆင်းသွားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
လှိုင်းထန်မှုတွေဟာ လေယာဉ်တွေကို အမြင့်ပေ ရုတ်တရက် ကျဆင်းစေနိုင်တာမှန်ပေမယ့် Boeing 777-300ER အရွယ်အစားနဲ့ ထူးခြားတဲ့တည်ဆောက်ပုံကြောင့် အခုထက် ဆိုရွားတဲ့ အခြေနေထိမရောက်ခဲ့တာလို့လည်း ပြောကြပါတယ်။ ဒါအပြင် လေယာဥ်မှုးရဲ့ တုန့်ပြန်မှုကလည်း အရေးပါတယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ အခင်းဖြစ်ချိန်မှာ ထိုင်ခုံခါးပတ် ပတ်မထားဘူးဆိုတာနဲ့ ပတ်သက်လို့ လေကြောင်းလိုင်းတာဝန်ရှိသူက “ပုံမှန်အားဖြင့်ဆိုရင် တိမ်တွေရဲ့ ရွေ့လျားမှုတွေကြောင့် လေလှိုင်းထန်တာကို ဖြတ်ရတော့မယ်ဆို လေယာဉ်မှူးတွေက အဲ့အချိန်မှာ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေကို ထိုင်ခုံခါးပတ်ပတ်ဖို့ အကြောင်းကြားမှာပါ” လို့ Frost and Sullivan စျေးကွက်သုတေသနကုမ္ပဏီ Frost and Sullivan ရဲ့ အကြီးတန်း လေကြောင်းအတိုင်ပင်ခံ မစ္စတာ ရှန် က CAN သတင်းဌာနကို ပြောပါတယ်။
တစ်ခါတစ်ရံမှာ ရုတ်တရက် ပေါ်လာတဲ့ ပြသနာတွေ အတွက်တော့ ခရီးသည်တွေကို ခါးပတ်ပတ်ဖို့ သတိပေးရမယ့် အချိန်မရခဲ့တာမျိုးလည်း ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။
အခုလို လေလှိုင်းတွေ ကြုံရတာနဲ့ ပတ်သက်ပြီး နာဆာက ကြိုတင် သတိပေးနိုင်တဲ့ စနစ်ကို တီထွင်နေတယ်ဆိုပေမယ့် နှစ်ပေါင်းများစွာကြာနိုင်ကြောင်း ကျွမ်းကျင်သူတွေ က သတိပေးတယ်တယ်လို့ သိရပါတယ်။
Ref: CAN
ပုံစာ။ လှိုင်းမိနေတဲ့ အချိန် မြင်ကွင်းတချို့
Feature Image Credit: CNA Reader



