စင်္ကာပူလေကြောင်းလိုင်း မတော်တဆမှုမှာ ဒဏ်ရာရခဲ့သူတွေအတွက် လျော်ကြေးငွေတွေ ကြေငြာ

ဒဏ်ရာမပြင်းထန်သူတစ်ယောက်လျှင် အမေရိကန်ဒေါ်လာ၁၀၀၀၀ နဲ့ ပြင်းထန်သူတစ်ယောက်စီကို ဒေါ်လာ၂၅၀၀၀ အထက်ပေးလျာ်မှာ ဖြစ်

စင်္ကာပူ၊ ဇွန် ၁၁

စင်္ကာပူလေကြောင်းလိုင်း (SIA) ဟာ  အင်္ဂါနေ့ (ဇွန် ၁၁) မှာ ခရီးသည်တွေကို တရားဝင်တောင်းပန်ခဲ့ပြီး  SQ321 ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ခရီးသည် ၂၁၁ ယောက်ကို လျော်ကြေးငွေ ပေးဖို့ ကမ်းလှမ်းပါတယ်ဆိုတဲ့ အကြောင်း တစ်ပြိုင်တည်း သတင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ မေလ ၂၀ ရက် ခရီးစဉ်မှာ လေယာဉ်ပေါ်လိုက်လာတဲ့ ခရီးသည် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး တချို့က ဒဏ်ရာ ပြင်းထန်ကာ  ခရီးသည်တစ်ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

ဒဏ်ရာတစ်စုံတစ်ရာမရခဲ့သူတွေအပါအဝင်  SQ321ခရီးသည်အားလုံးအတွက် လေယာဉ်လက်မှတ်ခကို အပြည့်အ၀ပြန်အမ်းပေးမယ်လို့လည်း သိရပါတယ်။ ဒါတင်မက ဥရောပသမဂ္ဂ နဲ့ ယူကေ တို့ရဲ့   စည်းမျဉ်းတွေနဲ့ အညီ နှောင့်နှေးလျော်ကြေးငွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

လေယာဉ်အမှု့ထမ်းတွေအတွက်တော့ လျော်ကြေးငွေ ကိစ္စနဲ့ ပတ်သက်ပြီး သီးခြားထုတ်ပြန်တာ မရှိဘူးလို့လည်း သိရပါတယ်။

Ref: CNA

ပုံစာ။ မတော်တဆမှု ဖြစ်ခဲ့တဲ့ Q321ရဲ့ အတွင်;ခန်းကို အခင်းဖြစ်အပြီး တွေ့ရပုံ

Feature Image Credit: Reuters/Stringer)

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *