စင်္ကာပူရုက္ခဗေဒဥယျာဉ်ကို အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ပတ်သက်တဲ့ စုဝေးမှုတွေမှာ အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲပြော

စင်္ကာပူ၊ ဆဖေဖေါ်ဝါရီ ၁၆

စင်္ကာပူရုက္ခဗေဒဥယျာဉ်ကို အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ဆက်နွှယ်တဲ့ ကိစ္စရပ်တွေကို ကျင်းပခွင့်မပြုဘူးလို့ စင်ကာပူရဲတပ်ဖွဲ (SPF) က ထပ်လောင်းပြောကြားခဲ့ပြီး စင်္ကာပူရုက္ခဗေဒဥယျာဉ်မှာ အခု သီတင်းပတ်ကုန် ချီတက်ဆန္ဒပြဖို့  အွန်လိုင်းကနေ  တောင်းဆိုလှုံဆော်နေတဲ အဖွဲ့ တွေကို တုန်ုပြန်လိုက်ပါတယ်။

“အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ပတ်သက်တဲ့ အမြင်တွေကို သရုပ်ပြဖို့ Walk-Out Singapore” လို့ခေါ်တဲ့ ပွဲအတွက် ဆိုရှယ်မီဒီယာမှာ စုရုံးကြဖို့ အွန်လိုင်းမှာ လှုံဆော်နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့က မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို စင်္ကာပူရဲတပ်ဖွဲ့( SPF ) ကဖြေရင်း အခုလို ပယ်ချလိုက်တဲ့ အကြောင်း  ပါ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။

“အခုလို လှုပ်ရှားမှုတွေအတွက် ရဲခွင့်ပြုချက် လိုအပ်တယ်” လို့ ရဲတပ်ဖွဲ့( SPF) က ပြောသလို  ဒီလိုပွဲတွေမှာ ပါဝင်တာဟာ  ပြစ်မှုတစ်ခုဖြစ်ကြောင်း လည်းထပ်လောင်းပြောဆို ခဲ့တယ်လို့ သိရပါတယ်။

Ref: CNA

ပုံစာစင်္ကာပူရုက္ခဗေဒဥယျာဉ်ကို တွေ့ရပုံ

Feature Image Credit: Calvin Oh

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *