စင်္ကာပူမှာ လာနီညှာ ဝင်နေတာမို့ မုတ်သုန်မိုးက  ဧပြီလအထိ ဆက်ရှိနေမယ်လို့ သိရ

စင်္ကာပူ၊ ဇန်နဝါရီ ၁၇

စင်္ကာပူမှာ မုတ်သုံလေ အားကောင်းလာပြီးတဲ့ နောက်  ဇန်နဝါရီ ဒုတိယအပတ်အကုန်မှာ မုတ်သုန်လေက တစ်ကျောပြန် ဝင်လာပြီး ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်န၀ါရီလ ၁၀ ရက်) က စကာ အေးခဲတဲ့ ရာသီနဲ့ ကြုံနေရပါတယ်။

စိုစွတ်တဲ့ရက်တွေနဲ့  ပိုပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေနဲ့ အတူ လာမည့်လအနည်းငယ် အထိ စင်္ကာပူမှာ အခုလို “sweater weather” (ဆွယ်တာရာသီဥတု)က ဆက်ရှိရှိနေမယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အခုလဆန်းပိုင်းနဲ့  ဧပြီလအထိ ကြာမယ့် လာနီညှာဖြစ်စဉ်ထဲမှာ ပိုဆိုးရွားလာနိုင်တဲ့  အရှေ့မြောက်မုတ်သုံလေ အခြေအနေတွေကိုလည်း  ကြုံတွေ့နေရမယ်လို့  ကျွမ်းကျင်သူတွေ က CNA  သတင်းဌာနကို ပြောဆိုကြောင်း သိရပါတယ်။

Ref: CNA

ပုံစာ။ စင်္ကာပူနိုင်ငံရဲ့ ဒီနေ့ မြင်ကွင်း

Feature Image Credit: CNA

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *