
စင်္ကာပူ၊ ဇူလိုင် ၇
ကမ္ဘာပေါ်မှာ လူတွေကို ထိတ်လန့်တကြား ဖြစ်နေစေတဲ့ ကိုဗစ်-၁၉ အလွန် နောက်ဆုံးပေါ်ထွက်လာတဲ့ မျောက်ကျောက် ရောဂါ ( Monkeypox) ကူးစက်ခံထားရသူတစ်ဦး နိုင်ငံတွင်းမှာ စတွေ့ရှိရတဲ့အကြောင်း စင်္ကာပူအာဏာပိုင်တွေက ဒီနေ့ ဇူလိုင်၇ရက် ကြာသပတေးနေ့မှာအတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
ဇူလိုင်လ ၆ရက်နေ့ က အဆိုပါ ကူးစက်ခံထားရတဲ့ လူနာကို စစ်ဆေးကြည်ရာက မျောက်ကျောက်ရောဂါ ကူးစက်ခံနေရကြောင်း ဓါတ်ခွဲ စမ်းသပ်တွေ့ရှိခဲ့ပြီး ဒီနေ့ ဇူလိုင် ၇ရက် ကြာသပတေးနေ့မှာ စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (MOH) က အတည်ပြု သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကူးစက်ခံထားရတဲ့ လူနာက စင်္ကာပူမှာ နေထိုင်တဲ့ အသက် ၄၅နှစ်အရွယ်ရှိ မလေးရှားနိုင်ငံသား တစ်ယောက်လို့ သိရပါတယ်။
ဒီနေ့မှာတော့ ကူးစက်ခံထားရတဲ့ လူနာကို စင်္ကာပူအမျိုးသားကူးစက်ရောဂါဌာန (NCID) မှာ ထားပြီး စောင့်ကြည့် ကုသပေးနေတယ်လို့ ကျန်းမာရေးဌာနကဆိုပါတယ်။
လူနာအမျိုးသားဟာ လွန်ခဲ့တဲ့ ၂၀၂၂ ဇွန်လ ၃၀ မှာ ဝမ်းဗိုက်အောက်က အရေပြားနေရာတွေမှာ ဒဏ်ရာတွေ တွေ့ခဲ့ရပြီး ဇူလိုင် ၂ရက်မှာတော့ ဒဏ်ရာကနေ ရောင်ရမ်းတာ ကိုက်ခဲတာတွေ စဖြစ်လာပါတယ်။ ဇူလိုင် ၄ရက်နေ့ အရောက်မှာတော့ လူနာက လည်းချောင်းတွေလည်းနာပြီး ဖျားနာကိုက်ခဲတာတွေ စဖြစ်လာတော့ စစ်ဆေးကုသမှု ခံယူဖို့ စဖြစ်လာခဲ့တာဖြစ်ပါတယ်။ အဲံဒိနောက် သူ့မှာ မျောက်ကျောက်ရောဂါကူးစက်ခံထားရတဲ့ အထောက်အထားတွေ အခိုင်အလုံ တွေ့ရတာမို့ စင်္ကာပူနိုင်ငံရဲ့ မျောက်ကျောက်ကူးစက်ခံရတဲ ပထမဆုံး လူနာ အဖြစ် ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြု့ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ကွင်းဆက်အနေနဲ့ လူနာရဲ့ အိမ်အကူနှစ်ယောက်ရယ် အခြားထိတွေ့ခဲ့တဲ့သူ တချို့ ကိုလည်း ကျန်းမာရေးဌာနက အနီးကပ် စောင့်ကြည်နေပါတယ်။ လူနာနဲ့ ထိတွေ့ကွင်းဆက်ဖြစ်ခဲ့တဲ့ သူတွေကိုတော့ ၂၁ရက်ကြာ သီးခြားခွဲ ထားမယ့်အကြောင်း စင်င်္ကာပူပြည်ထဲရေးဌာန က သတင်းထုတ်ပြန်ထားပါတယ်။
Ref: CNA
Photo credit: istok