စင်္ကာပူမှာ ငွေကြေးခဝါချမှုကို တိုက်ဖျက်တဲ့ လုပ်ငန်းတွေ အတွက် AIကို သုံးသင့်တယ်လို့ အစိုးရကို ဗဟိုဘဏ်အကြီး အကဲ တိုက်တွန်း

စင်္ကာပူ၊ နိုဝင်ဘာ ၆

စင်ကာပူငွေကြေးအာဏာပိုင် (MAS) ဟာ ငွေကြေးခဝါချမှုကို တိုက်ဖျက်တဲ့ နေရာမှာ  ဉာဏ်ရည်တု AI ကို ဘယ်လို အသုံး ပြုရမလည်း ဆိုတာကို စူးစမ်းဖို့  စိတ်အားထက်သန်နေသလို တချိန်တည်းမှာပဲ AI ကို သုံးသင့် ကြောင်းကိုလည်း စင်္ကာပူ အစိုးရ ကိုမန်နေးဂျင်းဒါရိုက်တာ ရာဗီ မေနွန်က တိုက်တွန်းလိုက်ပါတယ်။

 ဖော်ပြခဲ့တဲ့ စကားတွေကို မစ္စတာ မေနွန်က  AI ကို ပွဲထုတ်မယ့်  Singapore FinTech Festival မတိုင်မီ အင်တာဗျူးတစ်ခု မှာ  CNA ကို ကိုပြောခဲ့တာလို့ သိရပါတယ်။ ပွဲကို နိုဝင်ဘာ ၁၅ ရက် ကနေ၁၇ ရက်အထိ စင်ကာပူမှာ ကျင်းပမှာ ဖြစ်ပါ တယ်။

AI ဟာ ကြီးမားတဲ့ဒေတာအတွဲတွေကတစ်ဆင့် လူ့ဦးနှောက်စွမ်းရည်ကိုကျော်လွန်ပြီး လိမ်လည်မှုနဲ့ အခြားသံသယ ဖြစ် ဖွယ် လုပ်ဆောင်ချက်တွေကို ရှာဖွေဖို့ အဆင့်မြင့်ဒေတာခွဲခြမ်းစိတ်ဖြာမှုတွေက တစ်ဆင့် လုပ်ဆာင်မှာ ဖြစ်ပါတယ်။

AI ကို ဘဏ္ဍာရေးအဖွဲ့အစည်းတွေက တင်ပြတဲ့ အစီရင်ခံစာတွေနဲ့  သတင်းဆောင်းပါးတွေ၊အပါအဝင် ဒေတာအချက် အလက်တွေ စုဆောင်းရာမှာလည်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး တိုက်တွန်းမှုတွေ ထွက်လာရတာက  မကြာသေးမီက စင်္ကာပူမှာ ဒေါ်လာဘီလီယံချီတဲ့ ငွေကြေးခဝါချမှု ကြီး ကို ဖော်ထုတ်နိုင်ခဲ့အပြီး အခုလို လုပ်ဆောင်ဖို့ ဖြစ်လာခဲ့တာပါလို့ မကြာခင်မှာ အငြိမ်းစားယူတော့မယ့် မစ္စတာ မေနွန်က ပြော ပါတယ်။။

ဥပမာအားဖြင့် AI စနစ်ဟာ သံသယဖြစ်ဖွယ်ဖောက်သည်တွေ ဒါမှမဟုတ်  ငွေပေးငွေယူနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို မျှဝေဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအတွက် ဒစ်ဂျစ်တယ်ပလပ်ဖောင်းတစ်ခုဖြစ်တဲ့ COSMIC မှာ အသုံးပြုနိုင်လာမယ်လို့ လည်း မစ္စတာ မေနွန်က  ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: CNA

ပုံစာ။ မစ္စတာ ရာဗီ မေနွန်

Feature Image Credit: CNA/Jeremy Long

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *