စင်္ကာပူမင်းသား လောရင့် ပန်  အွန်လိုင်းအချစ်လိမ်လည်မှုကို ယုံပြီး စင်္ကာပူဒေါ်လာ ၃၅၀၀၀ ပါသွား

စင်္ကာပူ၊ ဇန်နဝါရီ ၂၁

အသက် ၇၈ နှစ်ရှိ စင်္ကာပူမင်းသား လောရင့် ပန် တစ်ယောက် ၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ အွန်လိုင်း ချိန်းတွေ့တဲ့  အမျိုးသမီးတစ်ဦးက လှည့်စားခဲ့လို့ ဒေါ်လာ၃၅၀၀၀ ဆုံးရှုံသွားခဲ့တယ်လို့ သိရပါတယ်။

Tanglin နဲ့  Sunny Side Up စတဲ့ တီဗီရှိုးတွေမှာ လူသိများခဲ့တဲ့ ပန်ဟာ ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ပြည်သူ့ဝန်ဆောင်မှုအစီအစဉ် Raffy Tulfo In Action ရှိုးရဲ့  အပိုင်းတစ်ပိုင်းမှာ သူ့အတွေ့အကြုံကို ပြန်မျှဝေခဲ့တာ ဖြစ်ပါတယ်။

“အဘိုးကြီးဖြစ်တော့ မိန်းမပျိုတစ်ယောက်က ‘ငါမင်းကိုကြိုက်တယ်…’ လို့ပြောတယ်။ မိုက်တယ် သိလား” လို့ သူက စနောက်ခဲ့ပါသေးတယ်။ နောက်တော့  အွန်လိုင်းကနေ ငွေအများကြီး အလိမ်ခံလိုက် ရတာဖြစ်ပါတယ်။

Ref: CNA

ပုံစာ။ မင်းသားကြီး ပန် (ညာ)

Feature Image Credit: Raffy Tulfo In Action/Youtube

Visited 57 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *