စင်္ကာပူ၊ အောက်တိုဘာ ၂၁
စင်္ကာပူနိုင်ငံက ဟောင်လင်း ပန်းခြံမှာရှိတဲ့ Speakers’ Corner မှာ အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဆိုင်း ဘုတ် ကိုင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဂေးလ်ဘတ် ဂေါ့ ကို စုံစမ်းစစ်ဆေးနေတယ်လို့ စင်ကာပူ ရဲတပ်ဖွဲ့ က အောက်တိုဘာ ၂၁ ရက် စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဆက်နွှယ်တဲ့ ပွဲလမ်းသဘင်တွေနဲ့ လူထုစု ဝေးပွဲတွေကို “အများပြည်သူလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု” ကြောင့် ပိတ်ပင်ထားမှာ ဖြစ်တယ်လို့ စင်္ကာပူရဲ့တပ်ဖွဲ နဲ့အမျိုးသား ဥယျဥ်ဘုတ်အဖွဲတို့က ကြေငြာခဲ့တာ ဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူ ဂေါ့ဟာ သူ့ကိုယ်သူလည်း ဓါတ်ပုံရိုက်ပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။ သူကိုင်ထားတဲ့ ဆိုင်းဘုတ်မှာ ” စစ်မဖြစ်ပါနဲ့၊ အစ္စရေးက ဂါဇာမှာ သတ်ဖြတ်တာကို ရပ်လိုက်ပါ၊ ဟားမတ်စ်တွေကလည်း ဓားစာခံ တွေအားလုံးကို လွှတ်ပေးပါ” ဆိုပြီး ရေးထားပါတယ်။
ရဲတပ်ဖွဲ့က အစ္စရေး-ဟားမတ်စ်ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားတဲ့ အမျိုးသားက လူမှုကွန်ရက် မီဒီယာမှာ တင်လိုက်ချိန်မှာ စ သတိထားမိပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ် ဆောင်နေ ပါတယ်” လို့ ရဲတပ်ဖွဲ့က ဒီနေ့ အောက်တိုဘာ ၂၁ရက် စနေနေ့မှာ ပြောဆို လိုက်တယ်လို့ သိရပါတယ်။
Ref: CNA/jo
ပုံစာ။ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဂေးလ်ဘတ် ဂေါ့ ကို တွေ့ရစဥ်
Feature Image Credit: Reddit/r/Singapore/u/roadto75