စင်္ကာပူတရားရုံးတော်က ငွေကြေးခဝါချမှုနဲ့ ကမ္ဘောဒီးယားနိုင်ငံသားကို ထောင်ဒဏ် ၁၃ လ ချမှတ်

သိမ်းဆည်းရမိတဲ့  ဒေါ်လာ ၅ ဒသမ ၉ သန်းကျော်ကို နိုင်ငံတော်ပိုင်အဖြစ်သိမ်း

စင်္ကာပူ ၊ ဧပြီ ၂

စင်္ကာပူ တရားရုံးတော်ဟာ အသက် ၃၂နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသား စူ ဝန်ကန် ကို ငွေကြေးခဝါချမှုနဲ့ ဧပြီ ၂ ရက်နေ့မှာ ထောင်ဒဏ် ၁၃လ ချမှတ်ခဲ့သလို သက်သေခံပစ္စည်းတွေ ဖြစ်တဲ့ စင်္ကာပူဒေါ်လာ ၅ဒသမ ၉ သန်းကျော်ကိုလည်း နိုင်ငံ တော်ပိုင်အဖြစ်သိမ်းယူခဲ့ပါတယ်။

တရားခံ စူဟာ ပြီးခဲ့တဲ့ သြဂုတ်လက   ရဲတပ်ဖွဲရဲ့ ဝင်ရောက် စီးနင်းမှုမှာ အဖမ်းခံခဲ့ရတဲ့ ၁၁ယောက်အထဲက တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ဖူကျန့်  နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံသားကို လူးဝစ်လမ်းပေါ်က  Good Class Bungalow မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ တရားခံ စူ ဆီကနေ ငွေသား၊ မော်တော်ကားများ၊ ဇိမ်ခံပစ္စည်းတွေအပါအဝင် အရက်ပုလင်း အကောင်းစားတွေနဲ့အတူ  စင်္ကာပူဒေါ်လာ  ၅ ဒသမ ၉သန်းကျော်ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့ ( ဧပြီ ၂)ရက်နေ့မှာ  သူက တရားရုံးတော်မှာ  အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့လည်းသိရပါတယ်။

စူဟာ ၂၀၁၉ ခုနှစ်အထိ မနီလာမှာ နေထိုင်ခဲ့ပြီး အွန်လိုင်းလောင်းကစားပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ  နေတဲ့သူတွေအတွက် အဝေးကနေ လောင်းကစားဝန်ဆောင်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းလောင်းကစားတွေကို တရုတ်နိုင်ငံက ခွင့်ပြုမထားဘူးလို့လည်း သိရပါတယ်။

နောက်တော့ စူဟာ စင်္ကာပူကို ရောက်လာပြီး ငွေမည်းတွေကို ခဝါချတဲ့ အလုပ် လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။

ReF: cna

ပုံစာ။ တရားခံ စူ ဝန်ကန်ရဲ့ ပုံတူ ပန်းချီကို တွေ့ရပုံ

Feature Image credit: Illustration: TODAY/Nurjannah Suhaimi

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *