
Photo Credit: AP/Heng Sinith
စင်္ကာပူ၊ ဩဂုတ် ၇
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အသစ်ခန့်အပ်ခံရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်ကို ဂုဏ်ပြုစကား ပြောဆို ခဲ့သလို ဝန်ကြီးချုပ်အသစ်ရဲ့ ဖခင်လည်းဖြစ် ဟွန်မာနက်ကို ရာထူးလွဲပေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ကိုပါ ဆုမွန် ကောင်းတွေ တောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဆယ်စုနှစ် လေးခုနီးပါး အုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ရာထူးကိုလွဲပြောင်း ခန့်အပ်ခံရပြီးနောက် ဒေါက်တာ ဟွန်မာ နက်ကို ကမ္ဘောဒီးယားယားဘုရင်ကြီး နိုရိုဒမ်ကလည်းက မ္ဘောဒီးယားနိုင်ငံရဲ့ ခေါင်းဆောင်သစ်အဖြစ် သြဂုတ် ၇ ရက် တနင်္လာနေ့မှာ အသိမှတ်ပြု အပ်နှင်းလိုက်ပါတယ်။
ဇူလိုင်လ ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က အပြတ်အသတ် အနိုင်ရပြီးနောက် ရက်ပိုင်း အတွင်းမှာပဲ မစ္စတာ ဟွန်ဆန်က ရာထူးကနေ နုတ်ထွက်ပြီး သူရဲ့သားအကြီးဆုံးကို အာဏာလွှဲ ပြောင်းပေးမယ် ဆိုပြီး ကြေညာခဲ့ပါ တယ်။
စင်္ကာပူနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင်၊ နည်းပညာအကူအညီ ကိစ္စရပ် တွေပါ ရှိနေ သလို တော်ဝင်ကမ္ဘောဒီးယားတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်နဲ့ ဘုရင့်တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဒေါက်တာဟွန်မာနက်ရဲ့ ဦးဆောင်မှုအောက်မှာလည်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နေပါတယ်လို့ ဝန်ကြီးချုပ်လီက ပြောပါတယ်။
လာမယ်လ ဂျကာတာမှာ ကျင်းပမယ့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒေါက်တာဟွန်မာနက် နဲ့ လူချင်း တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်းလည်း ဝန်ကြီးချုပ်လီက ဆန္ဒပြုတယ်လို့ သိရပါတယ်။
ဒါတင်မက မစ္စတာဟွန်ဆန်ဟာ ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီး စိန်ခေါ်မှု တွေရယ်မကြုံစဖူးကာလတွေရယ်ကိုဖြတ်ကျော်ပြီး ကမ္ဘောဒီးယားကို ပဲ့ကိုင်ခဲ့သူဆိုပြီး မှတ်ချက်ပေးခဲ့တယ်လို့လည်း သိရ ကြောင်းပါ။
Ref: CAN
Feature Image Cradit: EMMANUEL DUNAND / AFP