စင်္ကာပူ၊ စက်တင်ဘာ ၂၀
စင်္ကာပူနိုင်ငံရဲ့ အကြီးဆုံး ငွေကြေးခဝါချမှု မှုမှာ သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတန်ဖိုးက စင်ကာပူဒေါ်လာ ၂ ဒသမ၄ ဘီလီ ယံ (အမေရိကန်ဒေါ်လာ ၁ဒသမ၈ ဘီလီယံ) ကျော်သွားပြီလို့ ရဲတပ်ဖွဲ့က ၂၀၂၃ စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြောဆို လိုက် တယ်လို့ သိရပါတယ်။
အခု ဖော်ထုတ်ရမိတဲ့ ကြီးမားတဲ့ နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုကို ပြီးခဲ့တဲ့လတွေကတည်း ရဲတပ်ဖွဲက လိုက်ဖော် ထုတ် ဖမ်းဆီးနေခဲ့တာ ဖြစ်ပြီး အခု့တော့ သိမ်းဆည်းရမိတဲ့ ငွေကြေးခဝါချရာမှာ သုံးမယ့် တရားမဝင်ပစ္စည်းတွေ၊ပိုင်ဆိုင် မှုတွေဟာ စင်ကာပူဒေါ်လာ ၂ ဒသမ၄ ဘီလီယံ ကျော် တန်ကြေးရှိနေပြီလို့ ရဲတပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။
စင်ကာပူရဲတပ်ဖွဲ့က ကျွန်းတစ်ခွင်က နေရာအများအပြားကို ဝင်ရောက်စီးနင်းပြီးတဲ့နောက် နိုင်ငံခြားသား ၁၀ ယောက်ကို ဖမ်းဆီးခဲ့ပြီး သြဂုတ်လလယ်မှာလည်း ဇိမ်ခံကားတွေ၊ အိမ်တွေ၊ ငွေသားနဲ့ အခြားပိုင်ဆိုင်မှုတွေ ဖမ်းမိခဲ့ပါတယ်။
စက်တင်ဘာလ အစောပိုင်းကတော့ တရားရုံးက အစိုးရရှေ့နေတွေက အဲဒိ ဖမ်းဆီးရမိတဲ့ တန်ဖိုးကို တွက်ချက်ရာမှာ စင်ကာပူဒေါ်လာ ၁ဒသမ၈ ဘီလီယံဆိုပြီး တန်ဖိုး ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
ဒိနောက်တော့ ထမ်းမံဖမ်းဆီးရထားတဲ့ ပစ္စည်းတွေကို စက်တင်ဘာ ၂၀ရက်နေ့မှာ တန်ဖိုးသင့်လိုက်တဲ့အခါ မှာတော့ ခန့်မှန်းတန်ဖိုး စင်ကာပူဒေါ်လာ ၁ ဒသမ ၁၂၇ ဘီလီယံကျော်ရှိတဲ့ ဘဏ်စာရင်းတွေရယ် နိုင်ငံခြားငွေတွေ အပါအဝင် ငွေ သား စင်ကာပူဒေါ်လာ ၇၆ သန်းကျော် ပါဝင်တယ်လို့ သိရပါတယ်။ သြဂုတ်လထဲမှာသိမ်းဆည်းရမိတဲ့ ကနဦးပမာဏက စင်ကာပူဒေါ်လာ ၁၁၀ သန်းတစ်ကြိမ်၊ စင်ကာပူဒေါ်လာ ၂၃ သန်း တစ်ကြိမ်ရှိခဲ့ပါတယ်။
ဒါတွေအပြင် ရွှေချောင်း ၆၈ ခု၊နာမည်ကြီးတံဆိပ် အိတ် ၂၉၄ အိတ်၊ ဈေးကြီးတဲ့နာရီ ၁၆၄ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီနေ့မှာတော့ စင်္ကာပူအစိုးရရဲ့ ထုတ်ပြန်လိုက်တဲ့ သတင်းတွေအရ စုစုပေါင်းတန်ဖိုးဟာ စင်ကာပူဒေါ်လာ ၂ ဒသမ၄ ဘီလီ ယံ ကျော်အထိ ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ တယ် လို့ သိရပါတယ်။
Source: CNA/jo(ac)
ပုံစာအညွှန်း။ ဖမ်းဆီးရမိတဲ့ ပစ္စည်းတချို့ကိုတွေရပုံ
Feature Image Credit: Singapore Police Force