ပီနန်၊ စက်တင်ဘာ ၂၄
မလေးရှားနိုင်ငံ ပီနန်မြို့က ဘူကစ်ဂျန့်နင်းမှာ စက်တင်ဘာ ၂၄ရက် ညက ခရီးသွားဗင်ကားတစ်စီး လမ်းချော်ပြီး ချောက်ထဲ့ ထိုးကျသွားလို့ စင်ကာပူအမျိုးသမီးတစ်ယောက် သေဆုံးပြီး ၁၀ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကားပြုတ်ကျခဲ့တဲ့ ချောက်က ပေ ၂၀လောက်ကျော် လောက် နက်တာမို့ အခုလောက် အဖြစ်ဆိုးခဲ့တာလို့ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ စင်ကာပူနိုင်ငံသား ကိုးယောက်လည်း အပါအဝင်လို့ တာဝန်ရှိသူတွေက ကနဦးပြောပါတယ်။ ဒီ အဖြစ်အပျက်ထဲမှာ မလေးရှားယာဉ်မောင်းလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာဒေသ မီးသတ်နဲ့ ကယ်ဆယ်ရေးစခန်းက စစ်ဆင်ရေးအကြီးအကဲ အန် ပရီနာဗာနန် က ည ၈ နာရီ ၂၀ မိနစ ယာဉ်မတော်တဆမှုဖြစ်တဲ့ အကြောင်း သတိပေးချက် ဝင်လာပြီး ၁၀ မိနစ်အကြာမှာပဲ ကယ်ဆယ် ရေးသမားတွေက အခင်းဖြစ်နေရာကို အရောက်သွားတယ်လို့ ပြောပြပါတယ်။
“နေရာကို ရောက်တာနဲ့ မီးသတ်ကားတွေ ဝင်လာဖို့ မဖြစ်နိုင်တဲ့ တောင်ကုန်းတစ်ခုလို့ တွေ့ခဲ့တယ်။ ဒါကြောင့် မီးသတ် သမားတွေက တောင်ပေါ်ကို ၁၅ မိနစ်လောက် တက်ခိုင်းပြီး ထမ်းစင်နဲ့ အရေးပေါ် ကိရိယာတွေ ချပေးနိုင်ခဲ့တယ်” လို့ သတင်းထောက်တွေ ပြောပါတယ်။ .
“အမျိုးသမီးတစ်ယောက်ကတော့သေဆုံးပြီး ခုနစ်ယောက်က ကား ပေါ်မှာ ပိတ်မိနေတာကိုတွေရတယ်။ ကားထဲက ပထမ ဆုံး ထုတ်လာနိုင်တဲ့ သုံးယောက်ကိုတော့သုံးဦးကို အများပြည်သူအကူအညီနဲ့ ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့ပါတယ်။” သူကပဲ ပြောပါတယ်။
အနောက်တောင် ခရိုင်ရဲမှူး ကာမာရူလ် ရီဇယ် ဂျယ်နယ်တော့ ကားပေါ်မှာ လိုက်လာတဲ့ ခရီးသည်က ၁၁ယောက် ရှိပြီး အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၃ ယောက်လို့ ပြောပါတယ်။ ဗင်ကားမောင်းသူကတော့ ဒေသခံအမျိုးသားဖြစ်ပြီး ကျန် တဲ့သူတွေကစင်ကာပူနိုင်ငံသား ခရီးသွားတွေလို့ သိရပါတယ်။
Ref: CAN
ပုံစာအညွှန်း။ ပြုတ်ကျသွားတဲ့ကားကို ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲတွေကို တွေ့ရပုံ
Feature Image Credit: Bernama