စင်္ကာပူက  အင်ဂီးအန် ပေါ်လီတက္ကနစ်ကျောင်းမှာမောင်းသူမဲ့ဘတ်စ်ကားနဲ့ အခမဲ့ဝန်ဆောင်မှု စတင်

ကင်း အဲလဘတ် ပတ်ခ် ဘူတာရုံအပြင်ဘက်မှာ   ဘတ်စ်ကားအလာ စောင့်နေတဲ့ ခရီးသည်များ
(Photo: Liew Zhi Xin/CNA)

စင်္ကာပူ၊ ဇန်နဝါရီ ၂၄

စင်္ကာပူနိုင်ငံက အင်ဂီးအန် ပေါ်လီတက္ကနစ် ကျောင်းဝင်းထဲမှာ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို အခမဲ့ ကြိုပိုပေးတဲ့ ဝန်ဆောင်မှု အနေနဲ့ မောင်းသူမဲ့ဘတ်စ်ကားတွေကို ဒီနေ့ ဇန်နဝါရီ ၂၄ရက်မှာ စပြီး အသုံးပြု လိုက်တယ်လို့ သိရပါတယ်။

အဲဒိဝန်ဆောင်မှုဟာ ပေါ်လီတက္ကနစ်နဲ့ ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ မူးဗီတာ( MooVita )တို့ရဲ့ ပူးပေါင်းအား ထုတ်မှု တစ်ခုလို့ သိရပါတယ်။ ဒီနေ့မှာတော့ ပထဆုံးရက် ဝန်ဆောင်မှု အနေနဲ့ ကျောင်းဝင်းနဲ့ ကင်း အဲလဘတ် ပတ်ခ် အမ်မာတီ ဘူတာ အကြား ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

မူးဗီတာ ဟာ   လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျောင်းဝင်းထဲက လမ်းတွေကို စပြီး စမ်းသပ်အသုံးပြု နေခဲ့တာ ပါ။ အခုတော့ ဒီကျောင်းက ကျောင်းသားတွေနဲ့ ကျောင်းကဝန်ထမ်းတွေအတွက် တစ်နှစ် အခမဲ့ စီးနင်းခွင့် ပြန် ပေးလိုက် တာပဲ ဖြစ်ပါတယ်။

ကားက အရှည် ခုနစ်မီတာ (၂၃ ပေနီးပါး) ရှည်ပြီး ၁၃ ယောက် စီးဖြစ်ပါတယ်။ ပြေးဆွဲမယ့် အချိန်ဇယား က တော့ ကင်း အဲလဘတ် ပတ်ခ် အမ်မာတီ ဘူတာကနေ ကျောင်းဝင်းထဲ့အထိ မနက် ၇နာရီ ၃၀ ကနေ ၉နာရီ ၃၀ အထိ ၁၀မှတ်တိုင် ခရီးအကွာအဝေးကို အစိုးရရုံးပိတ်ရက်တွေမပါဘဲ ကျန်တဲ့နေ့တွေတိုင်း ပြေးဆွဲမှာ လို့ သိရပါ တယ်။

အဲဒိ မောင်းသူမဲ့ လျှပ်စစ်ကားဟာ  ကျောင်းဝင်းထဲ  ၃ ကီလိုမီတာ  အရှည်လမ်းကြောင်းတစ်ခုအတွက် တစ်နာရီ ကို ကီလိုမီတာ ၂၀ နှုန်း( ၁၂မိုင်နူန်း) မောင်းနှင်နိုင်မှာပါ။ မောင်းသူမဲ့ ဆိုပေမယ့်  ကားပေါ်မှာ ကုန်းလမ်း ပို့ဆောင် ရေး အာဏာပိုင်အဖွဲ့ (LTA) က ဘေးကင်းရေး အော်ပရေတာ တစ်ဦး လိုက်ပါမယ်လို့ သိရပါတယ်။

Ref: CNA

Visited 38 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *