စင်္ကာပူ။ စက်တင်ဘာ ၂၆
စင်္ကာပူနိုင်ငံ ဘူကစ် တီမာ လမ်းက ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ တွေ့ခဲတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြီးကို တပ်ဖွဲဝင်တွေက စက်တင်ဘာ ၂၆ရက်နေ့မှာ ဘေးကင်းကင်းနဲ့ ဖေါက်ခွဲ ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်လို့ ဒေသခံတွေ ကိုယ့်အိမ်ကိုကိုယ် ပြန်လာနိုင်ကြပြီလို့ သိရပါတယ်။
တွေ့ရှိခဲ့တဲ့ စစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ဗုံးကြီးက ကီလိုဂရမ် (၁၀၀) အလေးချိန်ရှိတယ်လို့လည်း သိရပါတယ်။ ဒီဗုံးကြီးကို ဘူကစ် တီမာ လမ်းက Myst ဆိုတဲ့ ကွန်ဒိုမီနီယံ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခု မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
ဒိနောက်တော့ ဗုံးကြီးကို ကို စက်တင်ဘာ ၂၆ ရက်မှာ ထိန်းချုပ် ဖောက်ခွဲမှုနှစ်ကြိမ်လုပ်ပြီး အောင်အောင်မြင်မြင် ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။
ဘေးကင်းရေးစစ်ဆေးမှုတွေလုပ်အပြီး ဒေသခံတွကို ညနေ ၅ နာရီမှာ သူတို့ရဲ့အိမ်တွေဆီကို ပြန်ခွင့်ပေးခဲ့ ပါတယ်။
ဗုံးရှင်းနေတဲ့ အချိန်မှာတော့ ပေါက်ကွဲသံတွေနဲ့ မီးခိုးတွေကို အဝေးကတောင် ကြားရ မြင်ရတယ်လို့ အနီးပတ်ဝန်းကျင်ကလူတွေက ပြောပါတယ်။ စင်္ကာပူစစ်တပ်ကို ပထမဆုံး ဖေါက်ခွဲမှု့ကို မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှာ လုပ်ခဲ့ပြီး ဒုတိယ ဖေါက်ခွဲမှု့ကိုတော့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ လုပ်ခဲ့တယ်လို့ သိရပါတယ်။
Ref: CAN
ပုံစာ။ ဗုံးကြီးကို ဖေါက်ခွဲရှင်းလင်းနေစဥ်
Feature Image Credit: CNA