စင်္ကာပူ၊ မတ် ၁၅
ဂျော်ဒန်က တစ်ဆင့် ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ တတိယအသုတ်ကို စင်ကာပူနိုင်ငံက ပေးပို့ဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က မတ်လ ၁၅ရက် သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေး ၀န်ကြီး ဘီဘီယန် ဗာလာခရစ်ရှန် က ဂျော်ဒန် အစိုးရနဲ့ ပူးပေါင်းကာ အကူအညီတွေ လွှဲပြောင်းပေးနိုင်ဖို့ မနက်ဖြန် စနေနေ့မှာ ဂျော်ဒန်နိုင်ငံကို အလုပ်သဘော သွားရောက်မယ်လို့ သိရပါတယ်။
စင်္ကာပူသမ္မတနိုင်ငံ လေတပ် (RSAF) ဟာ မစ်ရှင်အတွက် A330 Multi-Role Tanker Transport (MRTT) နဲ့ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို အသုံးပြုခဲ့တဲ့အကြောင်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန (MOH) နဲ့ အစိုးရမဟုတ်တဲ့ စင်္ကာပူကယ်ဆယ်ရေးအဖွဲ့အပါအဝင် အေဂျင်စီတွေ ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးရေး ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref: CNA
ပုံစာ။ ထောက်ပံ့ရေးရိက္ခာပစ္စည်းတွေ C-130 လေယာဉ်ပေါ် တင်နေစဉ်
Feature Image Credit: MINDEF



