စင်ကာပူရုပ်ရှင်ဒါရိုက်တာ နယ်လီစီယာ လိုး ချက်သမ္မတနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဒါရိုက်တာဆု ဆွတ်ခူး

စင်္ကာပူ၊ ဇူလိုင် ၉

စင်္ကာပူ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့  စင်္ကာပူလက်ရွေးစဉ် ဓါးသိုင်းကစားသမားဟောင်း နယ်လီစီယာ လိုး ဟာ ဇူလိုင် ၆ရက် စနေနေ့ကကျင်းပသွားခဲ့တဲ့  ချက်သမ္မတနိုင်ငံက ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ပွဲတော်လည်း ဖြစ်၊ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ဥရောပမှာ  အကျော်ကြားဆုံးဖြစ်တဲ့  Karlovy Vary International Film Festival မှာ   အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

သူ့က တိုင်ပေရွှေမြင်းပွဲတော်နဲ့ စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော်တို့အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတော် ၇၀ ကျော်မှာ ပြသခဲ့တဲ့  Freeze ဇာတ်ကားကို ရေးပြီး ဒါရိုက်တာလုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ဆုရဇာတ်ကားမှာထိုင်ဝမ်သရုပ်ဆောင်တွေ ဖြစ်တဲ့ Liu Hsiu-fu၊ Tsao Yu-ning နဲ့ Ding Ning တို့က ပါဝင်သရုပ်ဆောင်ထားပြီး  အထက်တန်းကျောင်းသူလေး တစ်ယောက်က  မိခင်ဖြစ်သူရဲ့ စိတ်ဒဏ်ရာတွေကို ဖုံးကွယ်ပေးဖို့ ကြိုးစားတဲ့ ဇာတ်လမ်းကျောရိုးဆင်ထားတဲ့ ကားလို့ သိရပါတယ်။

Ref: CNA

ပုံစာ။ ဒါရိုက်တာ နယ်လီစီယာ လိုး ကို ဆုချီးမြှင့်ခံရအပြီး တွေ့ရပုံ

Feature Image credit: Instagram/nellielacorgi

Visited 19 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *