စင်ကာပူမှာ အိမ်ရှင်ဖြစ်သူရဲ့ ယောက္ခမ အဘွားအိုကို ဓားနဲ့အချက်ပေါင်းများစွာ ထိုး သတ်ခဲ့တဲ့ အိမ်အကူမြန်မာအမျိုးသမီးငယ် ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချ မှတ်

စင်ကာပူနိုင်ငံမှာ အိမ်ရှင်ဖြစ်သူရဲ့ ယောက္ခမအဘွားအိုကို ဓားနဲ့အချက်ပေါင်း များစွာ ထိုးသတ်ခဲ့တဲ့ အိမ်အကူမြန်မာ အမျိုး သမီးငယ်ကို ဇူလိုင် ၄ ရက်နေ့က စင်ကာပူ တရားရုံးကနေ ထောင်ဒဏ်တစ်သက်တစ် ကျွန်း အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါ တယ်။

ဓားထိုးဖြစ်စဉ်ကတော့ ၂၀၁၈ခုနှစ်၊ ဇွန် လ၂၅ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအိမ် အကူ ဇင်မာနွယ်ဟာ လူသတ်မှုနဲ့ အပြစ်ရှိ ကြောင်း ပြီးခဲ့တဲ့မေလတုန်းက အထက် တ ရားရုံးကနေ ဆုံးဖြတ်ခဲ့ပြီးနောက် အခုလို အမိန့်ချမှတ်ခဲ့ဖြစ်ပါတယ်။

အိမ်အကူဇင်မာနွယ်ဟာ လူသတ်မှု ကျူး လွန်စဉ်က အသက်၁၈နှစ်အောက် အရွယ် သာရှိသေးတာကြောင့် သေဒဏ်ချမှတ် ခံ ရနိုင်ပေမယ့် စင်ကာပူဥပဒေအရ ပြစ်မှု ကျူးလွန်ချိန်မှာ အသက်၁၈ နှစ် အောက် ပဲ ရှိသေးရင် သေဒဏ်မချဖို့ တားမြစ် ထား တာကြောင့် အမြင့်ဆုံး ချမှတ်နိုင်တဲ့ ထောင် ဒဏ်တစ်သက်တစ်ကျွန်းသာချမှတ် ခံခဲ့ ရတာလို့ သိရပါတယ်။

အိမ်အကူမြန်မာအမျိုးသမီးငယ် သတ်လို့ သေဆုံးခဲ့ရတဲ့ အဘွားအိုဟာ အသက် ၇၀ နှစ်အရွယ်ရှိပြီး အိမ်အကူနဲ့ နှစ်ယောက် တည်းအတူရှိနေချိန်မှာ အဘွားအိုက အိမ် ဖော်အေးဂျင့်ကိုဆက်သွယ်ပြီ း အကြွေးနဲ့အိမ်(မြန်မာပြည်)ပြန်ပို့မယ်လို့ ခြိမ်းခြောက် ခဲ့တာကြောင့် အိမ်အကူက အဘွားအို မီးဖို ချောင်သုံးဓားနဲ့၂၆ချက် ထိုးသတ်ခဲ့တာလို့ သိရပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *