စင်ကာပူမှာ လက်ထပ်ထိမ်းမြားမယ့် စုံတွဲတွေ စက်တင်ဘာ ၂၅ရက်နေ့ကစ အွန်လိုင်းကနေ မှတ်ပုံတင်နိုင်ပြီ

စင်္ကာပူ၊ ဩဂုတ် ၁၆

စင်္ကာပူနိုင်ငံမှာ လက်ထပ်ထားတဲ့ စုံတွဲအများစုဟာ လက်ထပ်စာချုပ်ကို   လက်မှတ်ရေးထိုးပြီးတဲ့နောက် သူတို့ရဲ့ စာရွက် စာတမ်းတွေကို တရားဝင်မှတ်ပုံတင်ဖို့ အတွက် လက်ထပ်ထိမ်းမြှားခြင်းမှတ်ပုံတင်ဌာန Registry of Marriages (ROM) ကို သွားကြရတယ်။ ပြီးတော့  “Real Love Works” ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာ ထုံးစံအတိုင်း ဓာတ်ပုံရိုက်ကြတယ်လို ဆိုပါ တယ်။

လာမယ့် ၂၀၂၃ခုနှစ် စက်တင်ဘာ ၂၅ ရက်ကစပြီး ထိမ်းမြှားပြီးစ စုံတွဲတွေဟာ ROM ကို သွားစရာ မလိုတော့ဘဲ သူတို့ရဲ့  Singpass အကောင့်ကိုအသုံးပြုပြီး ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်တွေကို ဖြည့်သွင်းကာ  အွန်လိုင်းကနေ မှတ်ပုံတင်နိုင်ပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ မတိုင်မီ လက်ထပ်တဲ့ စုံတွဲတွေကတော့ ROM ၊ ROMM ( မွတ်စလင်ဓလေ့အရ ထိမ်းမြှားခြင်း) စတဲ့ ဌာနက အရာရှိတစ်ယောက်ယောက်နဲ့ အွန်လိုင်း ဒါမှမဟုတ် လူကိုယ်တိုင် တွေ့ဆုံရမှာ ဖြစ်ပါတယ်။

လာမယ့် အစီအစဥ်သစ်မှာ စုံတွဲတွေဟာ မိတ္တူမှန်ကူးယူဖို့  တရားဝင်လက်မှတ်ထိုးရတာတွေ မလိုတော့ဘဲ လက်ထပ်ထိမ်း မြားခြင်းဆိုင်ရာ အထောက်အထားအနေနဲ့ ဒစ်ဂျစ်တယ်လက်မှတ်ထုတ်ပေးမယ်လို့လည်း သိရပါတယ်။

ဒစ်ဂျစ်တယ်လက်မှတ်အပြင်၊ စုံတွဲတွေဟာ  လက်ထပ်စာချုပ် ဒီဇိုင်းမျိုးစုံကိုလည်း အွန်လိုင်ကနေ ရွေးချယ် နိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

Ref: CNA

Feature Image Credit: Photo: iStock/PeopleImages)

Leave a Reply

Your email address will not be published. Required fields are marked *