
Photo Credit: CNA/Gaya Chandramohan
စင်္ကာပူ၊ ဖေဖေါ်ဝါရီ ၉
လာမယ့် ၂၀၂၃ ဖေဖေါ်ဝါရီ ၁၃ရက် တနင်္လာနေ့ စပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်တွေပေါ်မှာ နှာခေါင်းစီးမျက်နှာဖုံး တပ်စရာမလိုတော့သလို ကိုဗစ်-၁၉ အဆင့်ကိုလည်း အစိမ်းရောင်ကို လျှော့ချသွားတော့ မယ်လို့ စင်္ကာပူနိုင်ငံက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနေရာတချို့မှာလည်း အလားတူ ဝတ်ဆင်ဖို့ မလို့တော့ဘူးလို့ သိရပါတယ်။
အခုလို့ သတ်မှတ်လိုက်တာဟာ စင်ကာပူနိုင်ငံ အနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါစဖြစ်ချိန်ကစ တားမြစ်ချက်တွေ ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချလိုက် တာလည်း ဖြစ်ပါတယ်။
ချွင်းချက်ကတော့ လူနာတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနေရတဲ့ နေရာတွေ၊ အိမ်တွင်းမှာ ဆေးဝါးကုသ မှုယူနေတဲ့ အိမ်တွင်းလူနာတွေနဲ့ ထိတွေရမယ့်ကိစ္စတွေ အပြင် လူနာတွေနဲ့ မျက်နှာချင်းဆိုင် အနေအထား မျိုးတွေမှာတော့ ဧည့်သည်အပါ အဝင် ဝန်ထမ်းတွေ အတွက် နှာခေါင်းစီးမျက်နှာဖုံးဝတ်တဲ့ အလေ့အကျင့်ကို ဆက်ထားသွားမယ်လို့ ကျန်းမာရေ:ဝန် ကြီးဌာန (MOH) က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဖော်ပြတဲ့ နေရာတွေထဲမှာ ဆေးရုံ၊ အရေးပေါ်ဌာန၊ လူနာကြည့်တဲ့အခန်း၊ စောင့်ဆိုင်းရတဲ့နေရာ၊ ဆေးဆိုင်တွေ၊ ဆေးခန်းတွေနဲ့ ဘိုးဘွားရိပ်သာ တွေ ပါဝင်တယ်လို့ သိရပါတယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ခုခံအားကျဆင်းမှု ကူးစက်ခံထားရတဲ့ ပြည်သူတွေကတော့ လူစုလူဝေးနေရာတွေမှာ နှာခေါင်းစည်း ဝတ်ဆင်ဖို.တိုက်တွန်းထားဆဲ ပါလို့ MOH က ပြောပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ ကိုဗစ်-၁၉ လက္ခဏာ တစ်ခုခု ဒါမှမဟုတ် အခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါပိုးရှိသူတွေ အနေနဲ့ကလည်း အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဖို့ ပြင်းပြင်းထန်ထန် အကြံပြု ထားပါတယ်လို့ ဝန်ကြီးဌာနက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref:cna