စင်ကာပူမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်း တတိယဆုရ

စင်ကာပူနိုင်ငံမှာ နိုဝင်ဘာလ၂၀ရက်မှ၂၅ရက်အထိ ပြုလုပ်ခဲ့တဲ့ Singapore-Global Firefighters & Paramedics Challenge (SGFPC 2023 ) နိုင်ငံbတကာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မီးသတ်တပ်ကြပ် ကြီး ထွန်းနေဝင်း တတိယဆုရခဲ့တယ်လို့ သိရပါတယ်။

စွမ်းရည်ပြိုင်ပွဲများမှာ ပါဝင်တဲ့ တစ်ဦးချင်းနဲ့အဖွဲ့လိုက်ပြိုင် ပွဲများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး Braveheart(Individual) (၁)ဦးချင်း ပြိုင်ပွဲမှာ မီး သတ်တပ်ကြပ်ကြီး ထွန်းနေဝင်းက နောက် ဆုံးအဆင့် (၄) ဦး ယှဥ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပြီး Braveheart(Individual) ပြိုင်ပွဲမှာ မီးသတ်သမားတစ်ဦးရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊ ခိုင်မြဲသောဇွဲလုံ့ လနှင့် နည်းစနစ်ပိုင်းကျွမ်းကျင်မှုတို့နဲ့ ယှဉ်ပြိုင်ရတဲ့ Braveheart(Individual) (၁)ဦးချင်းပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ် ယှဉ်ပြိုင်မှုမှာ စင်္ကာပူက ပထမ၊ မလေးရှားက ဒုတိယ၊ မြန်မာက တတိယနဲ့ ဩစတေးလျက စတုတ္ထနေရာက ပန်းဝင်ခဲ့တယ်လို့ သိရပါတယ်။

Singapore-Global Firefighters & Paramedics Challenge (SGFPC 2023 )နိုင်ငံတကာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲကို ယူကေ၊ ဩစ တေးလျ၊ မကာအို၊ လူဇင်ဘက်၊ စင်ကာပူ၊ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်နဲ့မြန်မာနိုင်ငံတို့က မီးသတ်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *