စင်ကာပူမှာ နှလုံးနဲ့ပတ်သက်ပြီး ဆေးကုသမှုခံယူနေတဲ့ ဖားအောက်တောရဆရာတော်ကြီး နှလုံးကုသမှု အောင် မြင်

စင်ကာပူနိုင်ငံမှာ နိုဝင်ဘာလ၁၅ရက်နေ့ မွန်းလွဲပိုင်းက နှလုံးနဲ့ပတ်သက်ပြီး ဆေးကုသမှုခံယူနေတဲ့ ဖားအောက်တောရဆရာတော်ကြီးကို AV Node Ablation ကုထုံးနဲ့ ဆေးကုသမှုခံယူခဲ့ရာ ကုသမှုအောင်မြင်ခဲ့တယ်လို့ ဖားအောက်တရားစခန်း(စင်ကာပူ)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖားအောက်တရားစခန်း(စင်ကာပူ)က သတင်းထုတ်ခဲ့ရာမှာ

“ဆေးအဖွဲ့မှ အကြံပြုချက်အရ ခွဲစိတ်ကုသမှုအောင် မြင်သော်လည်း လုံလောက်စွာအနားယူရန်လိုအပ်သဖြင့် လတ် တလောတွင် ဒါယကာ၊ ဒါယိကာမများ၏ လာရောက်တွေ့ ဆုံဖူးမြော်မှုများကို ခွင့်မပြုသေးပဲ ဆ ရာတော်ကြီးကျန်းမာ ရေးအလုံးစုံကောင်းမွန်ချိန်မှသာ ဧည့်တွေ့ဖူးမြော်ခံယူခြင်းအစီအစဉ်ကို ထုတ်ပြန်ပေးမည်ဖြစ်သည်။

ဖားအောက်တောရဆရာတော်ကြီးသည် ကျန်းမာရေးဆိုင် ရာကုသမှုခံယူရန်အတွက် စင်ကာပူနိုင်ငံသို့ နိုဝင် ဘာ၁၀ရက်မှစတင်ရောက်ရှိနေခြင်းဖြစ်ပြီး ခွဲစိတ်ပြီးနောက်တွင်လည်း ဆေးရုံ၌ ရက်အနည်းငယ် ဆက် လက် သီတင်းသုံးဦးမည်ဖြစ်သည်။

AV (atrioventricular) node ablation ကုထုံးသည် ပုံမှန်မဟုတ်ပဲ မြန်သော နှလုံးခုန်ခြင်းအတွက် ကုသမှုတခုဖြစ်ပြီး နှလုံး၏အထက်နှင့် အောက်ခန်းများကြားရှိ တစ်ရှူးအ နည်းငယ်ကို ဖျက်ဆီးရန် အပူ (ရေဒီယိုကြိမ် နှုန်း) စွမ်းအင်ကို အသုံးပြုခြင်းဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

Visited 42 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *