စင်ကာပူမှာ  ကိုဗစ်ကာကွယ်ဆေးကြောင့် သေဆုံးခဲ့ သူ အတွက် နစ်နာကြေး စင်ကာပူဒေါ်လာ ၂၂၅၀၀၀ ပေးဖို့ အတည်ပြု


စင်ကာပူမှာ ထိုးနှံတဲ့ကိုဗစ်-၁၉ ကာကွယ်ဆေးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဆေးတစ်မျိုးကိုတွေ့ရပုံ
Photo Creddit: Reuters

စင်ကာပူ၊ ဖေဖေါ်ဝါရီ ၁၇

စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန(MOH) က ထိုးနှံပေးတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံအပြီး သေဆုံးခဲ့တဲ့ သူ အတွက် ကာကွယ်ဆေးကြောင့် ထိခိုက်ဒဏ်ရာရမှု ငွေကြေးထောက်ပံ့ရေး အစီအစဉ်အောက်ကနေ နစ်နာသူ အတွက် သူ့မိသားစုကို စင်ကာပူဒေါ်လာ ၂၂၅၀၀၀ အထိ တိုးမြှင့်ပေးဖို့  အစိုးရက ဖေဖေါ်ဝါရီ ၁၇ ရက်မှာ အတည်ပြု လိုက်တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ စင်ကာပူမှာ အလုပ် လုပ်နေတဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက် ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လ၁၈ ရက်နေ့ မှာ Moderna/Spkevax COVID-19 ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံမှု ခံယူခဲ့ပါတယ်။ဒိနောက် ဇူလိုင်လ ၉ ရက်နေ့ အရောက် မှာတော့ သေဆုံးသွားခဲ့ပါတယ်။

 အဲဒိသေဆုံးမှုကို နိုင်ငံတော်စုံစမ်း စစ်ဆေးရေးမှူးက ရှင်းလင်းပြောပြတာကသေဆုံးရတဲ့ အကြောင်း ဟာ “မိုင်ယိုကာဒိုက် တစ်စ်” လို့ခေါ်တဲ့ နှလုံး ရောင်ရမ်းမှု ကြောင့် ဆိုတာကို အတည်ပြုခဲ့ကြောင်း စင်ကာပူ ကျန်းမာရေး ဝန်ကြီး ဌာနက ပြောပါတယ်။

“ဖြစ်နိုင်ခြေ ချိန်ခွင်လျှာကို သုံးသပ်လိုက်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတာနဲ့  ဆက်စပ်နိုင်ဖွယ်ရှိနေပါတယ်” လို့  တာဝန်ရှိစစ်ဆေးရေးမှူးက မှတ်ချက်ချခဲ့တယ် ဆိုတာကိုလည်း  ကျန်းမာရေးဝန်ကြီးဌာနကထည့်ပြီး ပြောခဲ့ ပါတယ်။

ဒီနေ့ အထိ စင်ကာပူမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ၁၇ သန်းကျော်ကို အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ် အောက် ကနေ  စီမံဆောင်ရွက်ထားတာဖြစ်ပြီး  အခု ဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်က စင်ကာပူနိုင်ငံ ထဲမှာ ကိုဗစ်ကာကွယ် ဆေးနဲ့ ပတ်သက်တဲ့ပထမဆုံး သေဆုံးမှု” လို့  ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး  ကြိုတင်ကာကွယ်မှုအနေနဲ့  ၂၀၂၁  စက်တင်ဘာက စပြီး ကာကွယ်ဆေး ထိုးထား သူ တွေ အနေနဲ့ အလားတူ “မိုင်ယိုကာဒိုက်တစ်စ်” ဖြစ်နိုင်ချေကို လျော့ကျအောင် ကာကွယ်ဆေးထိုးပြီး နောက်ထပ်  နှစ်ပတ်ကြာ အထိ အပြင်းအထန် ကိုယ်လက်လှုပ်ရှားတာ ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်တာ စတာတွေ  ရှောင်ကြဖို့ အလေးအနက် အကြံပေးထားတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

Your email address will not be published. Required fields are marked *