စင်္ကာပူ ၊ ဩဂုတ် ၃၁
ကမ်းခြေပတ်လမ်းမှာ ဆောက်ထားတဲ့ နာမည်ကြီး ဈေးဝယ်စင်တာတွေနဲ့ ရုံးခန်းတွေရှိတဲ့ Golden Mile Towerမှာ ဒီနေ့ စနေနေ့ (သြဂုတ် ၃၁) ရက် နေ့လည် ၁နာရီလောက်မှာ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
နေ့လယ် ၁ နာရီဝန်းကျင်က အွန်လိုင်းပေါ်ကို မီးလောင်ကျွမ်းနေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ တက်လာခဲ့ပါတယ်။ပုံတွေထဲမှာ အဆောက်အဦရဲ့ အပေါ်ထပ်ကနေ အမည်းရောင် မီးခိုးလုံးကြီးတွေ အူထွက်နေတာ တွေ့ကြရပါတယ်။
နောက်ထပ်တစ်ပုံမှာတော့ အဆောက်အုံရဲ့အပေါ်ထပ် ကားပတ်ကင်မှာ ရပ်ထားတဲ့ ကား ၁၀စင်းကျော် မီးလောင်နေတာလည်း တွေ့ရပါတယ်။
နောက်ထပ်အချက်အလက်တွေ သိရဖို့အတွက် CNA က စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်နေတုန်းပဲလို့ ပြောပါတယ်။
Golden Mile Tower ကို 1970 ခုနှစ်တွေက တည်ဆောက်ခဲ့ပြီး လက်ရှိမှာ စားသောက်ဆိုင်တွေ၊ ရုံးခန်းတွေနဲ့ ရုံရှင်ရုံပါ ရှိတယ်လို့ ဆိုပါတယ်။ ဒီအဆောက်အအုံဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားတဲ့ ဘတ်စ်ကား ဂိတ်တစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ မီးလောင်နေတဲ့ မြင်ကွင်းကို တွေရပုံ
Feature Image Credit: CNA



