စက်ရုပ်နည်းပညာတိုးတက်ထွန်းကားလာတဲ့ ယနေ့ခေတ် စက်ရုံတွေမှာ စက်ကိ ရိယာတွေထဲမှာ စက်ရုပ်တွေစိမ့်ဝင် ရောက်ရှိနေရာယူလာတာတွေ့ရတယ်။
ဂျပန်၊ တရုတ်၊ အမေရိကန်စတဲ့ စက်ရုပ် နည်းပညာထွန်းကားတဲ့ နိုင်ငံတွေမှာ မြွေ စက်ရုပ်၊ ခွေးစက်ရုပ်တွေ၊ လူပုံတူစက် ရုပ်တွေ စစ်သည်စက်ရုပ်တွေ တီထွင် ထုတ်လုပ်စမ်းသပ်အောင်မြင်နေပါပြီ။ လူနေအိမ်တွေမှာ ဖုန်စုပ်စက်ရုပ် အပါ အဝင် စက်ရုပ်တွေ ဈေးကွက်မှာ ဖြန့်ဖြူး ရောင်းချနေတာတွေလည်းရှိပါတယ်။ ရဲ စက်ရုပ်တွေလည်း ပေါ်နေပြီလို့ သတင်းတွေ မှာဖော်ပြခဲ့ပြီးဖြစ်တယ်။
အခု စင်ကာပူမှာ ရဲစက်ရုပ်တွေ စသုံးနေ ပါပြီ။ လောလောဆယ် ချန်ဂီလေဆိပ်မှာ ၂ရုပ်ရှိတယ်။ တကယ့်ရဲအစစ်တွေနဲ့တွဲပြီး လေဆိပ်လုံခြုံရေးကင်းလှည့်တာဝန်ထမ်း ဆောင်နေတာ လွန်ခဲ့တဲ့ ဧပြီလကတည်း ကပါ။လေဆိပ်အနှံ့အပြားမှာ အရုပ် ရော အသံပါ ဖမ်းယူမှတ်တမ်းတင်ပြီးသက်ဆိုင် ရာရဲစခန်းကို တင်ပြနိုင်တဲ့ အဲဒီရဲစက်ရုပ် ၂ရုပ်ဟာ အရပ် ၅ပေ ၆လက်မ ရှိပြီးလို အပ်ရင် ၇ပေ၆လက်မအထိ သူတို့ရဲ့အရပ် ကိုဆန့်ထုတ်နိုင်တယ်လို့ ချန်ဂီလေဆိပ် ရဲတပ်ဖွဲ့မှူး လင်မ်ကီဝေက ရှင်းပြတယ်။ ရဲစက်ရုပ်ရဲ့မျက်လုံးဟာ ၃၆၀ ဒီဂရီမြင်နိုင် စွမ်းရှိတယ်လို့လည်းဆိုတယ်။
နောက်၂နှစ်လောက်ကြာရင် စင်ကာပူမှာ ကားပျံတွေကို အငှါးကားအဖြစ်နဲ့ ငှါးစီးနိုင် အောင် ထားရှိဖို့ စီစဉ်နေပြီလို့သိရတယ်။
Ref: CNN