စင်္ကာပူ၊ ဇွန် ၁၁
ဇွန်လ ၁၁ ရက် ( အင်္ဂါနေ့)က ထိုင်းနိုင်ငံ ဘန်ကောက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စင်္ကာပူနဲ့ ထိုင်းအသင်းတို့ရဲ့ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲမှာ ထိုင်းအသင်းက စင်ကာပူကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အိပ်မက်ကတော့ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ထိုင်နိုင်ငံ ဘန်ကောက်မြို့က ရာဇမင်္ဂလာအားကစားကွင်းကြီးမှာ ကျင်းပခဲ့တာဖြစ်ပြီး အငြင်းပွားဖွယ်ရာတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အင်္ဂါနေ့ညနေအစောပိုင်းက (ဂ)အုပ်စု ပွဲစဉ်မှာတော့ တရုတ်က တောင်ကိုရီးယားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပထမပိုင်းအပြီးမှာ ထိုင်းက ၁-၀ အနိုင်ရထားပြီး နောက်ထပ်နှစ်ဂိုးကိုတော့ ဒုတိယပိုင်းမှာ သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းအသင်း အနေနဲ့ နောက်ထပ်တစ်ဆင့်တက်ဖို့ စင်္ကာပူကို သုံးဂိုးပြတ်အနိုင်ရဖို့ လိုတယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ ထိုင်းအသင်း(အပြာ) နဲ့ စင်္ကာပူအသင်း( အနီ) တို့ ယှဉ်ပြိုင်ကစားနေပုံ
Feature Image Credit: AFP



