မြန်မာနိုင်ငံအတွင်းက စက်မှုဇုန်တွေကို ယခင်က နိုင်ငံ တော်အစီအစဉ်နဲ့ စက်သုံးဆီရောင်းချပေးရာကနေ ဒီ ဇင်ဘာလ၅ ရက်စပြီး နိုင်ငံတော်အစီအစဥ်နဲ့ ရောင်းချမပေးတော့ဘဲ ကိုယ့်အစီအစဥ်နဲ့ကိုယ် တင်သွင်းရတော့မှာဖြစ်တယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။


စက်မှုဇုန်တွေ ကိုယ့်အစီအစဥ်နဲ့ကိုယ် စက်သုံးဆီတင်သွင်းနိုင်ဖို့အတွက် ကုန်သည်စက်မှုအသင်းချုပ် UMFCCI နှင့် စက်သုံးဆီအသင်းတို့က ဦးဆောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့မှာ ဒီဇင်ဘာလ၃ရက်နေ့ရဲ့ စက်သုံးဆီတစ်လီတာပေါက်စျေးကတော့ 92 Ronတစ်လီတာ ၂၅၁၀ကျပ်၊ 95 Ronတစ်လီတာ၂၆၄၀ကျပ်၊ဒီဇယ်တစ်လီတာ ၂၂၅၅ကျပ်နဲ့ပရီမီယံဒီဇယ်တစ်လီတာ ၂၃၅၀ကျပ်တို့ဖြစ်တယ်လို့ သိရပါတယ်။
Visited 28 times, 1 visit(s) today



