မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊စက်စဲကျေးရွာမှာ စက် တင်ဘာလ၃၀ရက်နေ့က ပင်လယ်ရေလှိုင်း ရိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြိုကျပျက်စီးခဲ့ရတဲ့ လူနေအိမ်တွေဟာ ဓနိမိုး၊ ဝါးထရံကာနေအိမ်များဖြစ်ပြီး နေအိမ်၂၃လုံး၊အိမ်ထောင်စု ၂၃ စု၊ လူဦးရေ ၁၀၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။



စက်စဲမှာ ပင်လယ်ရေလှိုင်း ရိုက်ခတ်ခဲ့တာကြောင့် လူနေ အိမ်အချို့ပြိုကျခဲ့ရတဲ့အပြင် ပင်လယ်ကမ်းခြေကမြေထိန်းနံရံများလည်ယ ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
လူနေအိမ်တွေ ပြိုကျပျက်စီးခဲ့တဲ့နေရာကို တာဝန်ရှိသူများ၊ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ် ငန်းများကို ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Visited 4 times, 1 visit(s) today