မီးသတ်သမားတိုင်းမှာ ရှိတဲ့စိတ်ဓာတ်ကို ထင်ထင်ရှားရှားပြသနိုင်ခဲ့သူဖြစ်

စကု၊ ဧပြီ ၂
ပြီးခဲ့တဲ့ဧပြီလ၂ရက်နေ့ ကစကုမီးသတ်စခန်းမှာ မီးသတ်တပ်ဖွဲ့ဝင် သတို့သားမောင်ထက်နိုင်ဦးနဲ့ သတို့သမီးမမိုးပြည့်ပြည့် မောင် တို့ မင်္ဂလာဆောင်နေတဲ့အချိန် မင်းဘူးမြို့နယ်ခံကုန်ကျေးရွာမှာ မီးလောင်နေတဲ့သတင်းဝင်လာတာကြောင့် သတို့သားဖြစ်သူဟာ စကုမီးသတ်တပ်ဖွဲ့အတူ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တာပဲဖြစ်ပါတယ်။
မင်းဘူးမြို့နယ်ခံကုန်ကျေးရွာမီးလောင်မှုကို သတို့သားမောင်ထက်နိုင်ဦးပါဝင်တဲ့ စကုမီးသတ်တပ်ဖွဲ့မင်းဘူးမြို့နယ်မီးသတ်တပ်ဖွဲ့ ထောက်ရှာပင်နယ်မြေမီးသတ်တပ်ဖွဲ့ ပွင့်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့ လယ်ကိုင်းနယ်မြေမီးသတ်တပ်ဖွဲ့နဲ့ ကျောင်းတော်ရာနယ်မြေမီးသတ်တပ်ဖွဲ့တို့က သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ ဝင်တွေပူးပေါင်းပြီး မီးငြှိမ်းသတ်ယာဉ်တွေ၊ရေသယ်ယာဉ်တွေနဲ့ မီးငြှိမ်းသတ်ပေးခဲ့ရာ မီးလောင်ဖြစ်ပွားပြီး ၄၅မိနစ်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
မှတ်တမ်းဓါတ်ပုံများ ( CJ)

