၆၊နိုဝင်ဘာ၊၂၀၂၃
YBS – ၄၃ ယာဉ်နဲ့ တက္ကစီအငှားယာဉ် မတော်တဆ တိုက်မိရာက စကားများပြီး YBS ယာဉ်မောင်းက အငှားယာဉ်မောင်းကို ကားနဲ့ တိုက်သတ်ခဲ့တာမှာ ကျူးလွန်သူယာဥ်မောင်း ၂ရက်ကြာသည်ထိမမိသေးဘူးလို့ သေဆုံးသူတွေရဲ့ မိတ်ဆွေအချို့ဆိက သိရပါတယ်။
နိုဝင်ဘာ ၄ ရက် မနက် ၇ နာရီ အချိန်ခန့်က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်အကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ အငှားယာဉ်မောင်းရဲ့ သမီးဖြစ်သူကသူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “တိုက်သွားတဲ့ ကားသမား ထွက်ပြေးသွားတယ်။ဝိုင်းဝန်းကူညီပေးကြပါ” လို့ အကူအညီတောင်းဆိုထားပါတယ်။
YBS 43 ခရီးသည်တင်ယာဉ်ဟာ ရှေ့က တက္ကစီယာဉ် နောက်ပိုင်းကို ဝင်တိုက်မိခဲ့တာကစတင်ပြီးစကားများရာကနေတဆင် ကားနဲ့တိုက်သတ်တဲ့အထိဖြစ်ပွားခဲ့ရတာလို့ အနီးနားမြင်တွေ့ရသူတွေ အလူမူကွန်ယက်ကနေတဆင့်မျှဝေခဲ့ကြပါတယ်။
ကားနဲ့တိုက်ခဲ့တယ်ဆိုတဲ့ YBS ၄၃ ယာဉ်မောင်းက ခရီးသည်တွေကို ဆယ်မိုင်ကုန်း မှတ်တိုင်အကျော်မှာ ဆင်းခိုင်းကာ ကားနဲ့အတူ မောင်းနှင်ထွက်ပြေးသွားပြီး တနေရာမှာကားကို ထားခဲ့ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“Taxi ဖင်ကို YBS 43 ကဝင်တိုက်တာ။Taxi အကိုကဆင်းပြောတာကို YBS driver က တိုက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတာ ။လမ်းတလျောက်အသားဖက်တွေနဲ့ လက်ကတနေရာ ကိုယ်ကတနေရာ ခေါင်းက ကျောက်တော်ကြီးမှတ်တိုင်နားကပြန်ရတယ် ။
ကားသမားထွက်ပြေး ၊တကိုယ်လုံးတစစီဖြစ် ဘယ်လောက်တောင်ခံစားလိုက်ရမလဲဆိုတာလူတွေမှာဘာလို့လူစိတ်မရှိကြတော့တာလဲ ကြောက်စရာလောကကြီး၊ခုထိလဲမမိသေးဘူး”လို့သူငယ်ချင်းတဦးကမျှဝေထားပါတယ်။