ငွေထုတ်ယူမှုကန့်သတ်ချက်ရှိတဲ့ဘဏ်တွေကို အရေးယူမယ်လို့ ဗဟိုဘဏ် အသိပေးကြေညာ

မြန်မာနိုင်ငံအတွင်းမှာငွေထုတ်ယူမှုကန့်သတ်ချက်ရှိတဲ့ ပုဂ္ဂလိကဘဏ်တွေကို အရေးယူမယ်လို့ မေလ ၂၆ရက်က ဗဟိုဘဏ်ကနေ အသိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အသိပေးကြေညာချက်ထဲမှာ `ဘဏ်များ၏ ငွေရေးကြေးရေးအခြေအနေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၃ လတစ်ကြိမ် ငွေရေးကြေးရေး ကိန်းဂဏန်းဆိုင်ရာအစီရင်ခံစာများထုတ်ပြန်ပြီး အသိပေးလျက်ရှိပါသည်။

Export နှင့် Import များအတွက် ပေးချေမှုများကို ဘတ်နှင့်ယွမ်များဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခွင့်ပြုပြီးဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပပေးချေမှုများ အဆင်ပြေစွာပေးချေ ဆောင်ရွက်လျက်ရှိပါသည်။ဘဏ်များ၌ ငွေသားထုတ်ယူမှုကိုလွတ်လပ်စွာတိုးမြှင့်ထုတ်ယူနိုင်ကြောင်း ဘဏ်များ၏ Website များတွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်ငွေ ပေးချေမှုစနစ်ကို ပိုမိုတိုးတက်လာစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တွန်းအားပေးလျက်ရှိရာ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပိုမိုတိုးတက်ဆောင်ရွက်လာကြောင်း တွေ့ရှိရပါသည်။

Exporter နှင့် Importer များအနေဖြင့် လိုင်စင်ခွင့်ပြုချက်နှင့်အညီ ဘဏ်စနစ်ဖြင့်သာ ပေးချေမှုများဆောင်ရွက်ရမည်ဖြစ်၍ မြန်မာကျပ်နှင့် နိုင်ငံခြားငွေရောင်းဝယ်ခြင်း၊ Trade Financing များကို ဘဏ်များမှတစ်ဆင့်ရယူနိုင်ပါသည်။

မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်၊ Exporter များအနေဖြင့် သတ်မှတ်ကာလအတွင်း ဘဏ်သို့ရောင်းချခြင်းမရှိပါက သတ်မှတ်စည်းမျဉ်းနှင့်အညီ အရေးယူမည်ဖြစ်ပါသည်။

Export Earning ပြန်လည်ဝင်ရောက်မှုအခြေအနေများနှင့်ဆက်စပ်၍လည်းကောင်း၊ ဘဏ်များမှငွေသားထုတ်ယူမှု ကန့်သတ်ချက်များ ရှိသည်ဟုလည်းကောင်း သတင်းများထုတ်လွှင့်၍ ငွေကြေးစနစ်မတည်ငြိမ်အောင် ဆောင်ရွက်နေမှုများရှိနေပါသည်။

ကောလာဟလများဖြင့် ဈေးကစားခြင်းများ၊ ဈေးကွက်ပေါက်ဈေးထက် ပိုမိုရောင်းဝယ်ခြင်းများ မကြာခဏတွေ့နေရပါသည်။ ပြည်တွင်းဘဏ်များမှ ပါဝင်ပတ်သက်မှု ရှိပါက အရေးယူခံရမည်ဖြစ်ပါသည်´´လို့ ပါရှိပါတယ်။

Visited 38 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *