စင်္ကာပူ ၊ ဇန်နဝါရီ ၅
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်းကင်က အစ္စရေးနဲ့ ဂါဇာကမ်းမြောင် ပဋိပက္ခ တိုးမြင့်လာတာကို တားဆီးဖို့ အတွက် အရှေ့အလယ်ပိုင်းကို သွားဖို့ ပြင်ဆင်နေချိန်မှာပဲ ရေနံစျေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
Brent ရေနံစိမ်းတစ်စည်ကို ၇၇ ဒသမ ၉၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး US West Texas ရေနံစိမ်း တစ်စည်ကို ၇၂ ဒသမ ၆၉ ဒေါ်လာ အထိမြင့်တက်သွားခဲ့ပါတယ်။ ဒီဈေးတွေဟာ အရင်ပေါက်ဈေးထက် ၀ဒသမ ၅ရာခိုင်နူန်းကနေ ၀ ဒသမ ၇ ရာခိုင်နူးန်းအထိတက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ခုနှစ်ရဲ့ ပထမပတ်ထဲမှာပဲ အခုလို့ ရေနံဈေးတွေ ထိုးတက်သွားတာမို့ ဈေးကွက်ကို အတော်လေး လှုတ်ခတ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ငွေကြေးဖောင်းပွမှုနဲ့ အရှေ့အလယ်ပိုင်း တင်းမာမှုတွေကြောင့် လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပြကြပါတယ်။
လတ်တလောမှာ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာ ဒေသ မြောက်ဘက်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေရယ်၊ တောင်ပိုင်းက ဟားမတ်စ်ခေါင်းဆောင်တွေ ကို ထပ်ရှာဖို့ စီစဉ်နေတာတွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှုတွေ တိုးလာစေတာ အမှန်ပါ ဆိုပြီးလည်း ကာကွယ်ရေးဝန်ကြီး အန်တိုနီ ဘလင်းကင် က ပြောခဲ့ပါတယ်။
ပဋိပက္ခတွေ တိုးမလာအောင် တားဆီးဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်းကင် ဟာ သီတင်းတစ်ပတ်ကြာ သံတမန်ရေးရာခရီးစဉ် အဖြစ် အရှေ့အလယ်ပိုင်းကို ဇန်နဝါရီ ၆ရက်နေမှာ ကြာသပတေးနေ့မှာ ခရီးထွက်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
Ref: Reuters
ပုံစာ။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ရေနံစိမ်းလုပ်ကွက်တစ်ခု
Feature Image Credit: REUTERS/Angus Mordant/File



