
photo Credit: Singapore Police Force
စင်္ကာပူ၊ ဩဂုတ် ၁၆
အိမ်ခြံမြေ မော်တော်ကားတွေ အပါအဝင်ဇိမ်ခံပစ္စည်းတွေသာမက ရွှေချောင်းတွေ နဲ့ပတ်သက်မှုတွမှာ ပူးပေါင်းလုပ် ဆောင် ပြီး ရခဲ့တဲ့တရားမဝင် ငွေကြေးပမာဏ စုစုပေါင်းဟာ စင်ကာပူဒေါ်လာ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၃၆ သန်း) ဝန်း ကျင် ရှိတယ်လို့ ဆိုပြီး ငွေကြေး တရားမဝင်ပိုင်ဆိုင်မှုနဲ့ နိုင်ငံခြားသား ၁၀ ယောက်ကိုစင်္ကာပူ ရဲတပ်ဖွဲက ဒီနေ့ ဩဂုတ်လ ၁၆ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
သံသယတရားခံ အနေနဲ့ အဖမ်းခံထားရသူ ၁၀ယောက်ကအသက် ၃၁ နှစ်ကနေ ၄၄ နှစ်ကြားရှိပြီး ငွေကြေးခဝါချမှု၊ အတု အပ ပြုလုပ်မှုမှာ ပါဝင်ပတ်သက်မှု စတဲ့ အမှုတွေနဲ့ဖမ်းဆီးလိုက်တယ်လို့ စင်ကာပူရဲတပ်ဖွဲ့ (SPF) က သြဂုတ် ၁၆ ရက် ဗုဒ္ဓဟူးနေ့ ကသတင်း ထုတ်ပြန် ခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေက ဆိုက်ပရပ်၊ တူရကီ၊ တရုတ်၊ ကမ္ဘောဒီးယားနဲ့ မလေးတိုင်းရင်သား နီ ဗာနူတူ လူမျိုးတွေလို့ သိရ ပါတယ်။
သံသယဖြစ်စရာ အရောင်းအ၀ယ်အစီရင်ခံစာတွေက နေစပြီး ရဲတပ်ဖွဲ့ဟာ နိုင်ငံရပ်ခြား ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှု တွေနဲ့ဆိုင် တဲ့ ငွေတွေကို ခဝါချတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သံသယတရားခံ နိုင်ငံခြားသား တွေကို ဖော်ထုတ်တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။
အခုလို ဖမ်းဆီးနိုင်ခဲ့တဲ့ စီးနင်းမှုမှာ စင်္ကာပူနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာန၊ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန၊ အထူးစစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ရဲထောက်လှမ်းရေးဌာနက အရာရှိ ၄၀၀ ကျော်က ဩဂုတ်လ ၁၅ရက်နေ့ အင်္ဂါနေ့မှာ ကျွန်းတစ် ခုလုံးက နေရာအကုန်လောက်ကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်းရှာဖွေ ခဲ့တယ်လို့ သိရပါတယ်။
Ref: CNA