ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောဆိုရန် သဘာဝရိပ်သာဆရာတော်က ဒေါ်အောင်ဆန်းစုကြည် အား တွေ့ဆုံလိုဟု မိန့်ကြား

ရှင်ဥတ္တမသာရ ဦးဆောင်သော အဖွဲ့ကရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊ရွှေတောင်ကြား ဗောဓိရိပ်သာလမ်း ရှိ သူရဦးတင်ဦး နေအိမ်သို့ ဇွန်လ ၈ ရက်တွင် သွားရောက်၍ လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်ချက်များကို အသိပေး ရှင်းပြကာ အားကျန်းမာရေး အကြောင်းမေးမြန်းခဲ့ကြောင်း သိရသည်။

“သူ့အနေနဲ့ နိုင်ငံသိ၊ကမ္ဘာသိ၊သြဇာရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ အခါ ကျတော့ ၊ အိန္ဒိယက မဟတ္တမ ဂန္ဓီကြီးလိုပေါ့။ငြိမ်းချမ်းရေးပဲလုပ်မယ်ဆိုရင် အများစုက လိုက်လုပ်ကြတာပေါ့။သူ့အနေနဲ့တော့ လူသိများတာရယ်။ကောင်းတဲ့ အရည်အချင်းလည်း သူ့မှာ အများကြီးရှိတယ်။ရှိတဲ့ အခါကျတော့ ရာထူးအာဏာယူမှမဟုတ်၊ရွေးကောက်ပွဲဝင်မှ မဟုတ်ဘူးပေါ့။သူ့အနေနဲ့ သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ပေါ့။အဲဒါတွေနဲ့ တိုင်းပြည်အကျိုး ၊ကမ္ဘာ့အကျိုးကို ဆောင်ရွက်လို့ရမယ်လို့ ဆရာတော်က ယုံကြည်တာပေါ့။ဆရာတော်လည်း ဒီလိုပဲ တရားဝင် ရာထူးတွေနဲ့ မဟုတ်ဘဲ ကိုယ့်စေတနာနဲ့ကိုယ် အများအကျိုး ၊သာသနာ့အကျိုးကို ဆောင်ရွက်နေတာ။သူ့ကိုလည်း တွေ့ပြီးတော့ ရှင်းပြချင်တာပေါ့။သူသာပါလာမယ်ဆိုရင် တိုင်းပြည်အခြေအနေ တပ်မတော်ကလည်း ပြောင်းသွားနိုင်တာပေါ့နော်။သူကသာ ဒီအတိုင်းလုပ်တော့မယ်ဆိုရင်၊ငြိမ်းချမ်းရေးပဲ လုပ်တော့မယ်ဆိုရင် တပ်မတော်အနေနဲ့လည်း ပိုပြီးတော့ အချင်းချင်း အဆင်ပြေသွားနိုင်မယ်လို့ ယူဆနိုင်တာပေါ့လေ။သူက နိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တပ်မတော်ကလည်း တင်းမာနေတာပေါ့။တပ်မတော်ကလည်း မလုပ်စေချင်ဘူး။သူကတော့လုပ်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။အဲဒါကြောင့် သူကသာ ပြည်သူရဲ့အကျိုးအတွက် ပေါ့နော်။လက်ရှိ မငြိမ်းချမ်းတာတွေ ငြိမ်းချမ်းသွားမယ် ၊သူကသာ ဖြူမယ်ဆိုရင် လိုက်ပြီးတော့ ဖြူမယ့်သူတွေအများကြီး ရှိတယ်။အဲဒါကြောင့်တွေ့ပြီးတော့ ရှင်းပြချင်တာပေါ့”ဟု ဆရာတော်က မိန့်သည်။

ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီ ကျော်က ၃ နာရီထိ သဘာဝရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ ဦးဆောင်သော အဖွဲ့က ရန်ကုန်မြို့ ဗဟန်းရွှေတောင်ကြား ဗောဓိရိပ်သာလမ်းနေအိမ်၌ သူရဦးတင်ဦးအား တွေ့ဆုံ၍ လက်ရှိငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကို အသိပေးရှင်းပြစဉ် နိုင်ငံရေး ဖြစ်စဉ် သဘာဝတရားရိပ်သာမှ သံဃာတော်များလည်း မိုင်းခွဲတိုက်ခိုက်ခံရကာ ပျံလွန်တော် မူခဲ့ကြောင်း ထည့်သွင်း မိန့်ကြားခဲ့သည်။

“နောက်တစ်ခုက တကာကြီးဦးတင်ဦးအနေနဲ့လည်း ပါတီရဲ့ နိုင်ငံရေး ကိစ္စတွေကို မလုပ်တော့ဘဲ နဲ့ အနားယူဖို့ စိတ်ကူးရှိခဲ့တယ်လို့ ဒီက ဦးမြင့်ဦးက လျှောက်ခဲ့တယ်။အသက်အရွယ်အရ ပေါ့။ဒါပေမဲ့လည်း ဝိုင်းပြီးမေတ္တာရပ်ခံတဲ့အတွက် ဆက်ပြီးတော့လုပ်နေတယ်ပေါ့။အဲလိုမျိုး ဆရာတော့်ကို လျှောက်တယ်လေ။ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်လည်း အဲလိုပေါ့။သူ့အနေနဲ့ လူငယ်တွေကို ၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်တွေကို နေရာပေးပြီးတော့မှ နိုင်ငံရေးမလုပ်တော့ဘူး ၊ တခြား ကိစ္စတွေကိုလုပ်ဖို့ ဆန္ဒ ရှိတယ်လို့ လျှောက်တယ်လေ။အဲဒါကြောင့်မို့လို့ ဆရာတော်အနေနဲ့ ပိုပြီးတော့ အားရှိတာပေါ့လေ။အခုအခြေအနေမှာတော့ ပိုပြီးတော့လုပ်သင့်တယ်လို့ မြင်တာပေါ့။လူငယ်တွေကတော့ သူ့ဟာနဲ့သူ နိုင်ငံရေးဆက်လုပ်ပေါ့။လူကြီးတွေကတော့ အသိညာဏ်ကလည်းရင့်ကျက် အတွေ့အကြုံလည်း များပြီ။အဲဒီအခါကျတော့ ကုသိုလ်ဖြစ်ပဲပေါ့။ယှဉ်ပြိုင်တာတွေ မလုပ်ဘဲနဲ့ ပေါ့။ နိုင်ငံရေးကို အရှိန်အဝါတွေနဲ့ပေါ့။ဒကာကြီးဦးတင်ဦးလိုပေါ့ တပ်ဖက်ကလည်းသိတယ်။ပြည်သူကလည်းသိတယ်။ကမ္ဘာကလည်းသိတယ်။သိကြတဲ့အခါကျတော့ ဒီအချိန်မှာ မငြိမ်းချမ်းတဲ့အခါကျတော့ အသက်ဆုံးရှုံးတာတွေ၊ပြန်လည် ဖျက်ဆီးတာတွေ တော်တော်လေးကို များတယ်ဆိုတော့ ။ဒါက ဘယ်လောက်ကြာအုံးမလဲ ပြောလို့လည်းမရဘူး။အပြန်အလှန်လက်စားချေတာတွေ ၊ဆရာတော်က မြန်မာနိုင်ငံထဲမှာ သွားလာနေတဲ့အခါ ကျတော့ ဆရာတော်တို့ရဲ့ ကားတွေရော ဘုန်းကြီးမိုင်းခွဲတာ ပစ်ခတ်တာတွေ ခံရတယ်။သံဃာ ၂ ပါးတောင် ပျံလွန်တော် မူသွားတယ်။ညဘက်ဆိုတော့ မှောင်တော့ ကယ်ဆယ်ရေးက ပြန်အလာမှာအထင်မှားပြီး ပစ်ခံရတယ်။ဒါကြောင့် ပိုပြီးတော့ ငြိမ်းချမ်းစေချင်တယ်။ဆရာတော်တို့က နိုင်ငံရေးလုပ်တာမဟုတ်ဘူး။တရားပဲလုပ်တာ။ပရဟိတပဲလုပ်တာ။အဲလိုပဲ ကြားထဲက ပြည်သူတွေလည်း ခံရတာရှိတယ်။ဒါကြောင့် မြန်မြန် ငြိမ်းချမ်းစေချင်တယ်။ပြီးတော့ သံဝေဂ ရစရာတွေ သင်ခန်းစာယူစရာတွေ အများကြီး ဖြစ်တယ်။နောက်ဆုံးနိုင်ငံရေးအပြောင်းအလဲမှာလေ။အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်က လူသိများတဲ့အခါကျတော့ လုပ်နိုင်ကိုင်နိုင် ရှိတဲ့အခါကျတော့လေ သူ့ကတော့ ပိုပြီး သူ့ဆန္ဒက အဓိက ကျတယ် လို့ ဆရာတော့်အနေနဲ့ နားလည်တယ်။သူ့အပေါ်မှာ မူတည်ပြီးတော့ အများကြီး၊သူပြောင်းတဲ့အပြောင်းအလဲ တစ်ခု မှာ အများက ဝိုင်းပြီးတော့ ပြောင်းလဲမယ်လို့ နားလည်တယ်၊အဲဒါကြောင့်မို့လို့ တွေ့ကြည့်ချင်တာပေါ့”ဟု ဆရာတော်က မိန့်သည်။

Leave a Reply

Your email address will not be published. Required fields are marked *