ငိုလိုက်တိုင်း အူတွေထွက်နေတဲ့ ၆ လ သမီးငယ် ဖြူစင်မြင်မြတ်အတွက် အကူအညီလိုအပ်နေတယ်လို့ မူဆယ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက် က သိရပါတယ်။
ကလးငယ်ဟာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၊ နယ်မြေ ၁၆ က ဖြစ်ပြီး မွေးရာပါ စအိုပေါက်ပါမလာတာကြောင့် အညစ်အကြေးစွန့်ဖို့အတွက် ဗိုက်ကိုဖေါက်ပေးထားရတာ ဖြစ်တယ်လို့ သိရပါတယ်။
ကလေးကငိုရင် အူတွေကထွက်လာနေတာကြောင့် ကုသမှု ပေးနိုင်ဖို့ ဆေးရုံးကြီးမှာ စအိုပေါက်ဖေါက်ရမှာ ဖြစ်ပေမဲ့ ငွေကြေးမတတ်နိုင်တာကြောင့် မူဆယ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက် ကို ဆက်သွယ်အကူအညီတောင်းခံလာတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကလေးကငိုလိုက်တိုင်းအူတွေထွက်နေတာမမြင်ရက်လို့ပါ၊ငွေကြေးမတတ်နိုင်တာကြောင့် အသင်းကိုဆက်သွယ်အကူအညီတောင်းခံလာပါတယ်။ကံဆိုးစွာမွေးဖွားလာတဲ့ သမီးလေးအလှူရှင်တွေရဲ့ အလှူငွေတေါနဲ့ ဘဝခရီးပျော်ရွင်
ချမ်းမြေ့စွာနေနိုင်ဖို့အတွက် အလှူရှင်တွေကိုယ်စားအသင်းက ကုသပေးမှာ ဖြစ်တာကြောင့် အလှူငွေ နည်း၊များမဆို ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ပါတယ်၊သမီးလေးအတွက်လှူဒါန်းလိုသူတွေအနေနဲ့ ဦးစိန်လှအောင် 09880045435(kpay)အသင်းဖုန်း 09691197888 ၊ U Win Htay 09259001177(kpay) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်”လို့ မူဆယ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက် က ကလေးငယ်ရဲ့ ဓာတ်ပုံကို အုပ်ထိန်းသူမိဘတွေရဲ့ခွင့်ပြုချက်နဲ့ တင်ပြ အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။
