ငါးသယ်လှေအတွင်းဒီဇယ်ကန် ဆင်းဆေးရာမှ အမျိုးသား၂ဦးသေဆုံးမှုကြို့ကုန်း Jetty တွင်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း Jetty ဆိပ်ကမ်းဝန်းအတွင်းရှိ ငါးသယ်လှေအတွင်း ဒီဇယ်ကန်ဆင်းဆေးရာမှ အမျိုးသား (၂)ဦး အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးမှု ယနေ့ မေလေ ၃၁ ရက်တွင်ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။

ကြို့ကုန်း Jetty ဆိပ်ကမ်းဝန်းအတွင်း ၁၈ပေခန့်အနက်ရှိသည့်ဒီဇယ်ကန်ကို ဆင်းဆေးရာမှ အောက်ဆီဂျင်ပြတ်တောက်၍သေဆုံးခဲ့ခြင်းဖြစ်သောကြောင့်အင်းစိန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ်ကြောင့်သေဆုံးခဲ့သည့်အမျိုးသား(၂)ဦး၏ ရုပ်အလောင်းများကို ကနောင်လူမှုကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *