အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၁၃
လေယာဉ် ကုန်တင်ဆောင်ကနေ ကယ်တင်ခဲ့တဲ့ ဂေါ်ရီလာလေးဟာ အစ္စတန်ဘူလ်တိရစ္ဆာန်ရုံမှာ ကျန်းမာနေပြီလို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၂ ရက်) က ပြောဆိုခဲ့ပြီး တောရိုင်းတိရစ္ဆာန်အရာရှိတွေ က အဲ့ဒိ မျောက်ဝံကလေးကို သဘာဝနေရပ်ကို ပြန်ပိုဖို့ စဥ်းစားနေတယ်လို့ သိရပါတယ်။
ငါးလသားအရွယ် အဲ့ဒိ ဂေါ်ရီလာလေးကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလက နိုင်ဂျီးရီးယားကနေ ထိုင်းနိုင်ငံကိုပျံသန်းလာတဲ့ တူရကီလေကြောင်းလိုင်းက ဘောက်စ်တစ်ခုထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
မျောက်ဝံလေးကို Zeytin ဒါမှမဟုတ် Olive လို နာမည်ပေးဖို့ စဥ်းစားနေပြီး အီစတန်ဘူလ်က Polonezkoy တိရစ္ဆာန်ရုံမှာ ထိန်းသိမ်းမွေးမြူထားတယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ လိုချင်တောင့်တတဲ့အရာက ဂေါ်ရီလာလေးရဲ့ မွေးရပ်မြေမှာ သူ့အသက်ဆက်ရှင်သန်ဖို့ပါပဲ” ဟု အစ္စတန်ဘူလ် သဘာဝထိန်းသိမ်းရေးနှင့် အမျိုးသားဥယျာဉ်ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ Fahrettin Ulu က တနင်္ဂနွေနေ့မှာ ပြောဆိုခဲပါတယ်။ ပြောကြားခဲ့သည်။
Ref: CNA
ပုံစာ ။ ဂေါ်ရီလာလေးကို တွေ့ရပုံ
Feature Image Credit: TURKEY TODAY



