မွန်ပြည်နယ်ကော့ကရိတ်မြို့နယ်၊ကော့ဂူကျေးရွာ ကျောက်တောင် နံသာလှိုင်ဂူ ရေကန်အတွင်း ငါးမျှားနေစဉ်ရေနစ်ပျောက်ဆုံးသွားနေသည့် ၁၂နှစ်အရွယ်ကလေး၏ရုပ်အလောင်းကို ဇူလိုင်၂၁ရက်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရမ္မဝတီ လူမှုကယ်ဆယ်ရေးအသင်း(ကော့ဘိန်း)ကသိရသည်။
အဆိုပါ ကလေးမှာ ဇူလိုင်လ ၁၉ရက် ညနေ ၃နာရီခွဲခန့်က ငါးမျှားနေရင်းပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ၂၁ ရက် နံနက် ၇ နာရီခန့်က ပျောက်ဆုံးသွားသည့်ကျောက်တောင်ဘုရားရေ ကန်မှ ပြန်ပေါ်လာခဲ့ကြောင်း သိရသည်။

“ဇူလိုင် ၁၉ ရက် မှာ ပျောက်သွားတော့ ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး လုပ်နေတာ။ ၃ရက် လောက်ကြာပြီလေ၊အခု ကျော်တော်ဘုရားရေကန်မှာ ပြန်ပြီးပေါ်လာတာကြောင့် သွားရောက်ဆယ် ယူပေးခဲ့ပါတယ်”ဟု ယင်းအသင်း ၏တာဝန်ရှိသူက ပြောသည်။
ရေနစ်ပျောက်ဆုံးနေသူကလေးကို(ရမ္မဝတီ)လူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်မြို့ ရာမည အရေးပေါ်ကယ်ဆယ်ရေးအသင်း နှင့် ရေနစ်သူရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ကော့ဘိန်းအဖွဲ့ နှင့် မော်လမြိုင်အဖွဲ့ ပူးပေါင်း၍ရုပ်အလောင်းကို ရှာဖွေခဲ့ပြီး ကလေးရုပ်အလောင်းကိုပြန်လည်တွေ့ ရှိသည့်အချိန်တွင် ရမ္မဝတီ လူမှုကယ်ဆယ်ရေးအသင်းထံ အသင်းမှ သွားရောက်ဆယ်ယူပေးခဲ့ ကြောင်းသိရသည်။